ရန်ကုန်၊ ဒီဇင်ဘာ ၆
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယနေ့နံနက် ၉ နာရီခန့်က ကျင်းပပြုလုပ်သော 'အာဆီယံ ၁ဝဝ- ခေါင်းဆောင်မှုဖိုရမ် ၂ဝ၁၂' ဒုတိယနေ့တွင်Resilience in Turbulent Times ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်။
ဖက်ဒရယ်မူ ကျင့်သုံးခြင်းကို ယုံကြည်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွက် မှန်ကန်သည့် မူတစ်ခု ဖြစ်ကြောင်း၊ ဖက်ဒရယ်မူ ကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသားများ အချင်ချင်း ဝေးကွာစေမည့် အစား ပိုမိုနီးကပ်လာစေမည်ဟု ယုံကြည်ကြောင်း အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲ
(Asean 100 Leadership Forum) ဟောပြောမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့သည်။