Saturday, December 8, 2012

အမျိုးသား အောင်ပွဲနေ့ အခမ်းအနားတွင် အညတရ သူရဲကောင်းဆု ချီမြှင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပြုလုပ်သော ၉၂ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနား
တွင်တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်ကြသူ ၅ ဦးအား အညတရ သူရဲကောင်းဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ဆုများ ချီးမြှင့်ရာတွင် နိုင်ငံရေး အကျဉ်းသားများအဖြစ် လက်ရှိပြစ်ဒဏ်ကျခံနေရသူ ၂ ဦး၊
နိုင်ငံရေးအကျဉ်းသားဟောင်း ၂ ဦး၊ ကွယ်လွန်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ၁ ဦးတို့ အားဆု များပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ဆုများအဖြစ် ဆုငွေကျပ် ၁၀ သိန်းနှင့်အတူ အညတရသူရဲကောင်း ဆုကော်မတီ အမှတ်တံဆိပ်တို့ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကအဖွဲ့ဝင်များဖြစ်သည့် ဦးတင်ဦး၊ ဦးဝင်းတင်တို့က ဆုများပေး အပ်ခဲ့ပြီး၎င်းဆုများကို ဟံသာဝတီ ဦးဆောင်သာ ဆုရွေးချယ်ရေးကော်မတီနှင့် နိုင်ငံရေးအကျဉ်းသား
 ဟောင်းများကော်မတီတို့ကပူးပေါင်းရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။