Monday, December 3, 2012

ဒီချုပ်ဗဟိုအမျိုးသမီးအဖွဲ့ ကြေးနီတောင်မှ ဒဏ်ရာရသူများအားထောက်ပံ့

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ် ဒေါက်တာမေ၀င်းမြင့် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်း
အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး လက်ပတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများမှ ထိခိုက်ဒဏ်ရာရရှိခဲ့သော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား တဦးလျင် ငွေကျပ် ၁ သိန်းစီကို မုံရွာဆေးရုံနှင့် မန္တလေးပြည်သူ့ဆေးရုံတို့သို့ သွားရောက်ကာ လှူဒါန်းခဲ့သည်။ လှူဒါန်းရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဦးဆောင်သော HIV စင်တာမှ ငွေ ကျပ် ၂၅ သိန်း၊ အမျိုးးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ငွေကျပ် ၂၅ သိန်းနှင့် မန္တလေးမြို့နေ ဦးနေကျော်+ဒေါ်တင်မာအောင်မှ ငွေကျပ် ၅ သိန်း စုစုပေါင်း ၅၅ သိန်းကို မန္တလေးပြည်သူ့ဆေးရုံနှင့် မုံရွာပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့ကြပါသည်။