စာအမှတ် - ၃၂/၂၀၁၂ (၈၈)
ရက်စွဲ - ၃ ၊ ၁၂ ၊ ၂၀၁၂
လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်
(၁) ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများသည်ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးနှင့်အတူ ပေါက်ဖွားလာခဲ့သူများဖြစ်ပါသည်။
(၂) ယနေ့နိုင်ငံတော်အသွင်ကူးပြောင်း ရေးကာလတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းပေါ်ပေါက်ရေး နိုင်ငံအနှံ့ ဒေသအသီးသီးတွင်ဟောပြောစည်းရုံးလျှက်ရှိသည်။

(၃) နိုင်ငံသားများ၏ နစ်နာချက်၊ လိုလားချက်များကို ဖော်ထုတ်ပြီး ရင်ဆိုင်နေရသည့် အခက်အခဲ
များကို ညှိနှိုင်းဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။
(၄) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့်
ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သော ဆန္ဒပြမှုအပေါ်အကြမ်းဖက်
နှိမ်နှင်းမှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စ ည်းပေးရန်တင်ပြတောင်းဆို ခဲ့ပြီးဖြစ်ပါသည်။
(၅) ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် ဒေသခံပြည်သူများ၊တက်ကြွလှုပ်ရှားသူများ၏ သဘော
(၄) လက်ပံတောင်းတောင်ကြေးနီစီမံကိန်
(၅) ၈၈မျိုးဆက်ကျောင်းသားများအနေဖြင
ထား ဆန္ဒများကို လွတ်လပ်စွာစုံစမ်းတင်ပြ၍ ညှိနှိုင်းဖြေရှင်းနိုင်ရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်
သည် ။
(၆) ထို့ကြောင့်လက်ပံတောင်းတောင်ဆန္ဒ ပြသူများအား အကြမ်းဖက်ဖြေရှင်း ခဲ့မှုနှင့်ပတ်သက်၍-
(က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအားထိရောက်သော ဆေးဝါးကုသမှုပေးရန်
(ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန်
(ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင်ေ ကြးနီစီမံကိန်းကို ပြန်လည် စစ်ဆေးသုံးသပ်ရန်
(ဃ) စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန်
(င) ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ထိန်းသိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန်နှင့်
ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန်၈၈ကျောင်းသားများအနေဖြင့်အလေးအနက်တိုက်တွန်းတောင်းဆို
(၆) ထို့ကြောင့်လက်ပံတောင်းတောင်ဆန္ဒ

လို က်သည်။
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com