Tuesday, December 4, 2012

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတာဝန်ကျ ရဲအရာရှိတစ်ဦး၏ ရိုင်းစိုင်းစွာပြောဆိုမှုကော်မရှင်မှ တစ်ဆင့်သမ္မတကြီး


2012-12-4
လက်ပံတောင်းတောင်ကြေး နီစီမံကိန်းတာဝန်ကျရဲအရာရှိတစ် ဦးမှ စီမံကိန်းဧရိယာအတွင်း ပိတ်မိ နေသော ပြည်သူများအားတွေ့ဆုံ ရန်ခွင့်တောင်းခဲ့သော လူအခွင့် အရေးလှုပ် ရှားဆောင်ရွက်သူဗိုလ်ကြီး ဟောင်းနေမျိုးဇင်ဦးဆောင်သော အဖွဲ့များအား ရိုင်းစိုင်းစွာဆဲဆိုခဲ့သဖြင့် ယင်းကိစ္စရပ်အားယခု သမ္မတရုံး၏ကြေညာချက်အရဖွဲ့ စည်းလိုက်သော စုံစမ်းရေးကော် မရှင်မှ တဆင့်နိုင်ငံတော်သမ္မတ ကြီးထိတင်ပြအရေးဆိုသွားမည်ဖြစ် ကြောင်း သိရှိရသည်။
“ပုဒ်မ ၁၄၄ ထုတ်ပြန်ထား တာက ၀မ်ပေါင်ရဲ့စီမံကိန်းဧရိယာ မှာ ပြည်သူပိုင်လမ်းမပါဘူး။ ဒါပေမဲ့ကျွန်တော်တို့က လယ်တီ ဆရာတော်ကြီးရဲ့ ကျောင်းတိုက် ဘက်သွားဖို့ပြောတယ်။

  နောက် အထဲမှာပိတ်မိနေတဲ့ ဒေသခံရွာ သူ/သားတွေနဲ့ တွေ့ဖို့ပြောတော့ အဲဒီမှာတာဝန်ကျတဲ့ ဒုရဲအုပ်တစ် ယောက်ရိုင်းရိုင်းစိုင်းစိုင်းကို ပြန် ပြောတယ်။ ပြည်သူတွေ လက်ခံ ယုံကြည်ထားတာက ရည်မွန်၍ ဖော်ရွေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခုဟာက ပြည်သူတွေအဲသလိုလက် ခံထားတာကို သံသယဖြစ်သွားစေ တာပဲ။ ကျွန်တော်ဗိုလ်ကြီးဟောင်း ပါဆိုပြီး ပြောတာ သူက ဗိုလ်ကြီး ဟောင်း
လည်း ခံလိုက်ဆိုပြီးရိုင်း ရိုင်းစိုင်းစိုင်းပြောတယ်။ သူရဲ့ အထက်အရာရှိခရိုင်ရဲတပ်ဖွဲ့မှူးဆို 
 ရင်ပြည်သူတွေနဲ့ ဆက်ဆံတာ အရမ်းကိုပြေပြစ်ပါတယ်။ အဲသလို ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ တာဝန် အကြောင်းပြရိုင်းစိုင်းစွာဆက်ဆံမှု ကို ခုဖွဲ့စည်းလိုက်တဲ့စုံစမ်းရေး ကော်မရှင်ကတဆင့် သမ္မတကြီးနဲ့ ပြည်ထဲရေးဝန်ကြီးထိ တင်ပြ အရေးဆိုသွားမှာပါ”ဟု မြန်မာ့လူမှုဘ၀ဖွံ့ဖြိုး တိုးတက်ရေးကွန်ယက် မှ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောကြားသွားခဲ့သည်။

အဆိုပါ လူထုအားရိုင်းစိုင်း စွာပြောဆိုဆဲဆိုခဲ့သော ဒုရဲအုပ် နှင့် ပတ်သက်၍ မုံရွာခရိုင်ရဲတပ် ဖွဲ့မှူဒုတိယရဲမှူးကြီးတင်ထွန်းအား မေးမြန်းခဲ့ရာတွင် ယင်းရဲအရာရှိ ငယ်မှာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ တာဝန်ကျသည့်အတွက် တာဝန်ထမ်းဆောင်နေခြင်းဖြစ် ကြောင်း ယင်း၏ရိုင်းပြစွာဆက်ဆံ ဆဲဆိုမှုအား တာဝန်ယူမည်ဖြစ်သော် လည်း တောင်းပန်ခြင်းတော့ မဟုတ်ကြောင်း သတင်းမီဒီယာများ သို့ဖြေကြားခဲ့ပြီး ထိုဒုရဲအုပ်၏ အမည်မှာ ဒုရဲအုပ်မျိုးမင်းနိုင် ကိုယ်ပိုင်(လ)အမှတ် ၁၄၇၆၅၉ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


ခန့်ခန့်(ဒဿနိက)