
ဒီဇင်ဘာ ၄ ရက်၊ လက်ပံတောင်းအရေး တာမွေမှာ ဆန္ဒဖော်ထုတ်မှုကို ရဲများကလိုက်လံတားမြစ်
နေသည်။ပြည်သူများအနေဖြင့် လက်ပံတောင်းတောင် စီမံကိန်းဖျက်သိမ်းပေးရန် တောင်းဆိုဆန္ဒဖော်
ထုတ်မှုကို အစိုးရ၏ အုပ်ချုပ်ရေးရဲများက ဓါတုမီးလေင်ဗုံးများဖြစ်ကာ အကြမ်းဖက်ခဲ့သည့်အတွက်
သံဃာများ ခန္ဓာကိုယ်မီးလောင်ခြင်း၊မျက်နှာများမီးလောင်ခံရပြီး ဓါတုဓါတ်များပါဝင်နေသောကြောင့်
တနေ့ ထက်တနေ့  ဆိုးဝါးလာနေသည်ကို တွေ့ ရှိရသော ပြည်သူများက မခံမရပ်နိုင်ဖြစ်ကာ နေရာ
အနှံအပြားတွင် လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုများကို အစိုးရမှပိတ်ပင်လျှက်ရှိသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတွင် အခုလို အစိုးရ၏အကြမ်းဖက်လုပ်ရပ်ကို
နိုင်ငံတကာမှ စောင့်ကြည့်နေကြသည်။အမေရိကန်သမ္မတ အိုဘားမားမှ ဆီးရီးယားမှာ ဖြစ်ပွားနေတဲ့
တိုက်ပွဲတွေမှာ ဓါတုလက်နက်တွေ သုံးစွဲမဲ့ကိစ္စကို လုံးဝလက်မခံဘူးဟု ပြောဆိုထားသော်လည်း
မြန်မာနိုင်ငံ လက်ပံတောင်းအရေး၏ ဓါတုမီးလောင်ဖုံးများသုံးစွဲခဲ့ခြင်းနှင့် ပါသက်၍ မည်သည့်
သဘောထားမျှပြောဆိုဝေးဖန်ခြင်းမရှိသေးဘဲ နိုင်ငံတကာ၏အသံတွေငြိမ်သက်နေခြင်းသည်
အကြမ်းဖက်မှုဖြင့် မီးလောင်ခံရသော ရဟန်ရှင်ပြည်သူများအား လူသားခြင်းစာနာစိတ်ကင်းမဲ့နေပြီး
လူ့ အခွင့်အရေးများကို ကမ္ဘာက လျှစ်လှူရှုထားရာရောက်ပေသည်။
နိုင်ငံသားတိုင်းသည် ဥပဒေ၏ အကာအကွယ်ကိုရရှိခံစားနိုင်သည်ဟု အခြေခံဥပဒေတွင်ပြဌာန်း
ထားသော်လည်း ယ္ခုဖြစ်ရပ်သည် တရားမျှတမှုနှင့် ဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံတကာ၏ စုံစမ်းစစ်ဆေးရေးများနှင့် ကူညီကုသပေးနိုင်မှု နည်းပညာဆေးဝါးများလိုအပ်နေသောကြောင့် အချိန်မလင့်ခင် အမြန်ဆုံးအကူအညီများ တောင်းခံရန် လိုအပ်ပေသည်။ ထိုမှသာ အဖြေမှန်ပေါ်ပေါက်နိုင်ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။