ဓါတ်ပုံ VOA
၂၀၁၂-၁၂-၁၂
ဒီကနေနံနက် ၉ နာရီကျောက်လောက်က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်
ပေါက်စေတီကျောင်းမှာ ၁၉၇၄ ခုနှစ် က ကုလသမဂ္ဂ
အထွေထွေအတင်းရေးမှူးချုပ်ဟောင်း
ဦးသန့်ရဲ့ ဈာပနကိစ္စနဲ့ဖြစ်ပွား ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှု ၃၈
နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ပါတယ်။၃၈ နှစ်မြောက်
ဦးသန့်အရေး လှုပ်ရှားမှု ဖြစ်မြောက်ရေးကော်မတီကနေ ဦးဆောင်ပြီး အစီအစဉ် ၁၄
ရပ်နဲ့ ကျင်းပပြုလုပ်တဲ့ဒီအခမ်းအနားမှာ ဦးသန်းအရေးလှုပ်ရှားမှုမှာပါဝင်ခဲ့သူ
ကိုထွန်းအောင်ကျော်ရဲ့ သဝဏ်လွှာ ၊ ဒေါက်တာတူးဂျာရဲ့ သဝဏ်လွှာ ၊ ၇၄ ၊ ၇၅ ၊ ၇၆
ကျောင်းသားတွေရဲ့သဝဏ်လွှာတွေကို တာဝန်ရှိသူအသီးသီးကနေ ဖက်ကြားသွားခဲ့ပြီး
၆၂ ဗကသ ဥက္ကဌ ဦးလှရွှေ နဲ့ အဖွဲ့ချုပ်နာယက ဦးတင်ဦး တို့ကလည်း အသီးသီး
အမှာစကားဆိုခဲ့ကြ ပါတယ်။ ဒီအခမ်းအနားကို ဝါရင့်နိုင်ငံရေးသမားကြီးတွေ ၊ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၊ ၂၀၀၇
ရွှေဝါရောင်သံဃာ့ခေါင်းဆောင် အရှင်ဦးဂန္မီရ (ခေါ်) ကိုညီညီလွင် နဲ့
သံဃာ တော်တွေ ၊ တကသ ကျောင်းသား တွေ အပါအဝင် လူဦးရေ ၁၅၀ ကျော်
တက်ရောက်လာ ခဲ့ကြပါတယ်။BVJ