Saturday, December 1, 2012
မဟန လက်ရှိဥက္ကဌ ဗန်းမော်ဆရာတော်ကြီး နှုတ်ထွက်မည်ဟု သတင်းများထွက်ပေါ်
၂၀၁၂-၁၂-၁
 မြန်မာနိုင်ငံမှာ မဟန အဖွဲ့စည်းဟာ နေဝင်းဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ် လက်ရှိ မဟနကို   သြဝါဒပေးနေတဲ့ လူထွက် သစ္စာဖောက်အံမောင်ဖြစ်တယ်။အဲဒါကြောင့် မဟန အဖွဲ့စည်းမှာ ငြိမ်နေရခြင်းဖြစ်ပါတယ်။ လက်ရှိဥက္ကဌ ဗန်းမော်ဆရာတော်ကြီးဟာ ရိုးသားသူဖြစ်ပါတယ်။
ဗန်မော်ဆရာတော်က ပြောပါတယ် ငါဒီအဖွဲ့စည်းက ထွက်မယ်လို့ပြောလိုက်ပါတယ်။
 ဒီလက်ပန်တောင်းတောင် ကိစ္စနှင့်ပါတ်သက်ပြီး စိတ်မချမ်းမသာဖြစ်ရတယ်လို့ သိရပါတယ်။
လက်ပံတောင်းကိစ္စနှင့်ပတ်သတ်ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးအား ရာထူးမှ ဖယ်ရှားဖွယ်
ရှိဟု သုံးသပ်ပြောဆိုချက်များ ပျံ့နှံ့လျက်ရှိပြီး ထိုသို့ဖယ်ရှားခြင်းအားဖြင့် ဒေါသထွက်နေတဲ့ ပြည်သူ
တွေရဲ့ စိတ်ကို နှစ်သိမ့်ပေးနိုင်မလားဆို သတင်းတွေ ပေါ်ပေါက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းသပိတ်စခန်း ကိစ္စဖြစ်ပေါ်အပြီး မုံရွာမြို့ မဟာဇောတိကရာမ ကျောင်းတိုက်တွင် ဦးသာအေး ဆပ်ကပ်သော ဆွမ်းကို သံဃာတော်များက ဘုန်းမပေးဘဲ သပိတ်မှောက်ခဲ့ကြသည်။
လက်ပန်တောင်းတောင် အကြမ်းဖက်မှုသည် အစိုးရတွင်တာဝန်ရှိပြီး အမှုကိုပွင့်လင်းမြင်သာအောင်
စုံစမ်းစစ်ဆေးဖို့ လိုအပ်သည်။ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ပိုင်ခွင့်သည် ဒီမိုကရေစီနိုင်ငံများတွင် အပြည့်
အ၀ရှိပြီး ဒီမိုကရေစီစံနှုန်းများကိုအလေးထားဖြေရှင်းမည့်အစား တရုပ်ကြီး၏သြဇာကိုမလွန်ဆန်နိုင်
သော အာဏာရှင်ဗိုလ်ချုပ်ကြီးများလဒ်စား၍ ချုပ်ဆိုထားသော စာချုပ်များဖြစ်သောကြောင့် ပွင့်လင်း
မြင်သာမှုမရှိဘဲ မိမိတို့ ၏ အကြိုးစီးပွားကို ထိခိုက်လာနိုင်ဖွယ်ရှိသောကြောင့် အကြမ်းဖက်ဖြေရှင်းခဲ့
ခြင်းဖြစ်ပြီး တရုတ်ကြီးမှထိုစီမံကိန်းပျက်ဆီးမည်ဆိုးရိမ်၍ ပြည်တွင်းဥပဒေများဖြင့် စစ်အစိုးလက်
အာဏာပိုင်များနှင့် ညှိနှိုင်းသဘောတူချုပ်ဆိုထားသည်ဟု ပြောဆိုခဲ့သည်။
အာဏာရှင်အစိုးရလက်ထက်တွင် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့ မှုများလုပ်ဆောင်ထားပြီး ပြည်သူ
များကလည်း အာဏာရှင်စနစ်ထွန်လှန်နေချိန်တွင် တရုပ်၏စီပွားရေးရင်းနှီးမြုပ်နှံမှုများကို အကြိမ်ကြိမ်
ကန့် ကွက်နေသည့်ကြားမှ နိုင်ငံရေးအမြတ်ထုတ်လိုသူများက ပြည်သူ၏ ဆန္ဒမပါဘဲ အာဏာရှင်နှင့် 
ကွန်မြူနစ်တို့ သဘောတူချုပ်ဆိုခဲ့သော အကြိုးတူ စာချုပ်ဖြစ်၍ ခေတ်နှင့်အညီပြန်လည်စီစစ်ရမည်။
တရုတ်သည် စီးပွားရေးတခုတည်းကိုကြည်ပြီး အာဏာပိုင်များကို လဒ်ထိုးပြီး ချုပ်ဆိုခဲ့သောစာချုပ်များ
ကို နိုင်ငံသားများအနေဖြင့်လက်မခံနိုင်ပါ။ပြည်သူပြည်သာများ၏ အကျိုးစီပွားဆုံးရုံးနစ်နာမှုများနှင့် 
သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းဆောင့်ရှောက်ရေး၊ရှေးဟောင်းအမွေအနှစ်များ ကာကွယ်ဆောင့်
ရှောက်ရေးတို့ သည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်။ထိုကြောင့် တရုတ်၏ရင်းနှီးမြုတ်နှံမှုသည်
ပြည်သူများအတွက် အကျိုးမရှိဘဲ အာဏာရှင်လူတစုအတွက်သာ အကျိုးပြုခဲ့ပြီး ယ္ခုလို လက်ပန်