Monday, November 5, 2012

၈၈မျိုးဆက်ကျောင်းသားများ ဒိန်းမတ်ဝန်ကြီးချုပ် Ms. Helle Thorning Schmidt ဆွေးနွေး

၈၈မျိုးဆက်ကျောင်းသားများ မှ ကိုဌေးကြွယ်၊ ကိုဂျင်မီနှင့် ဒိန်းမတ်ဝန်ကြီးချုပ် Ms. Helle Thorning Schmidt တို့ (၄၊ ၁၁၊ ၂၀၁၂) ယနေ့ နေ့လည် ၁၁နာရီ ၁၅ မိနစ် မှ ၁၂နာရီ ထိ ရန်ကုန်မမြို့၊ ချက်ထွီယံဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် ၈၈မျိုးဆက်ကျောင်းသား
များ ဘက်မှ -လက်ရှိမြန်မာ့နိုင်ငံရေးအပြောင်းအလဲများနှင့်ပတ်သက်၍ ၄င်း၊ ဒိန်းမတ်နိုင်ငံမှ   မြန်မာနိုင်ငံသို့ပေးမည့် ပညာရေး၊ ကျန်းမာရေးအကူအညီများနှင့် ပတ်သက်၍ ၄င်း၊ ပြိမ်းချမ်းရေး အပါအ၀င် ပြုပြင်ပြောင်းလဲမှုမှန်သမျှကို တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေး နည်းလမ်းများအား    ဆွေးနွေးခဲ့ကြသည်။