Thursday, November 29, 2012

သမ္မတ ဦးသိန်းစိန် ICG ၏ ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ မထိုက်တန်

 
လက်ပံတောင်းတွင်းသပိတ်စခန်းများကို မီးလောင်ဗုံးဖြင့်  ဖြိုခွင်းခဲ့သောကြောင့်
သံဃာတော်များ ပြည်သူများ ဒဏ်ရာပြင်းထန်စွာရရှိ
 ၂၀၁၂-၁၁-၂၉
နိုင်ငံတကာ ပဋိပက္ခ အဖွဲ့ကြီး၏ ၂၀၁၂ ခုနှစ် အတွက် ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ In Pursuit of Peace Award Dinner ကို မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး သမ္မတဟောင်း Luiz Inácio Lula da Silva တို့အား ချီးမြှင့်မည် ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာ လိုက်ခဲ့သည်။နိုင်ငံတကာ ပဋိပက္ခ အဖွဲ့ကြီး
အနေဖြင့် စစ်မှန်သောဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ လုပ်မလုပ် အချိန်အတိုင်းအတာပေးပြီး လေး
လေးနက်နက်သုံးသပ်သင့်သည်။ ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ ရရှိပြီး ၃ ရက်အကြာတွင် အခုလို မိမိတို့ ၏ကိုယ်ကျိုးစီပွား ပျက်ဆီးမှာကိုစိုးရိမ်ပြီး ပြည်သူတွေကို အကြမ်းဖက်ဖိနှိပ်သော အစိုးအား ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ပေးခြင်းသည် ICG၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည်။။မြန်မာအကြမ်းဖက်
အစိုးရအား အားပေးအားမြှောက်ပြုရာလည်းရောက်ပေသည်။ထိုကြောင့် လည်းဆုအားပြန်လည်ရုပ် သိမ်းသင့်သည်။