၂၀၁၂-၁၁-၂၆
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှု
ပြုလုပ်မည်ဟု
သတင်းများ ထွက်ပေါ်လာခြင်းကြောင့် မန္တလေးမြို့ရှိ ၃၅ လမ်း၊
တရုတ်ကောင်စစ်ဝန်ရုံးသို့
ဝင်ရာလမ်းကို
နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်ခန့်မှစရွေ့ သံဆူးကြိုးများ
ချထား
ကာ လုံခြုံရေးများ တင်းကြပ်စွာချထားကြောင်း တွေ့ရှိရသည်။ နိုဝင်ဘာလ ၂၆
ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် အဆိုပါ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင်
ဆန္ဒထုတ်ဖော်မည့် သတင်းများထွက်ပေါ်လျက် ရှိသော်လည်း ညနေ ၃ နာရီအချိန်ခန့်အထိ
လှုပ်ရှားမှု တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သတင်း မီဒီယာသမားအချို့
လာရောက်စောင့်ဆိုင်းခြင်းနှင့် လုံခြုံရယူထားသည့်
ရဲတပ်ဖွဲ့ဝာပ်ဝန်အချို့ သာရှိကြောင်း တွေ့ရှိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။