Saturday, November 17, 2012

ရွှေတွံတေးဆရာတော်နှင့် နီပွန်ဖောင်ဒေးရှင်း တွေ့ဆုံဆွေးနွေး

 ၂၀၁၂-၁၁-၁၇
ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌနှင့်အဖွဲ့ သည် ရွှေတွံတေးဆရာတော်နှင့် ရန်ကုန်မြို့ တွင် စက်တင်ဘာလက တွေ့ ဆုံခဲ့ပြီး ယခုထပ်မံဆွေးနွေးကြသည်။ နီပွန်ဖောင်ဒေးရှင်းအဖွဲ့ သည် သမ္မတ အဖွဲ့ ဝန်ကြီးအဖွဲ့ နှင့်ဒေါ်အောင်ဆန်းစုကြည် တို့ ကိုလည်းတွေ့ ဆုံခဲ့ကြသည်။ မြန်မာနိုင်ငံရေး 
ရာသီဥတု - နိုင်ငံရေး ရေချိန် - လူမှုထောက်ကူအဖွဲ့ များ- လူထုအခြေပြုအဖွဲ့ နှင့်နိုင်ငံအပြောင်အလဲ ကိစ္စများကို ဆရာတော်နှင့် ဆွေးနွေးကြသည်။ နယ်စပ်ဒေသနှင့် တိုင်ရင်းသားများအား   ထောက်ပံ့ရေးအတွက် ဒေါ်လာ ၁၀သန်းကူညီဖို့ လျာထားချက်ရှိနေသည်။
 ရွှေတွံတေးဆရာတော်က........" နိုင်ငံပြောင်းလဲတယ်ဆိုတာ ခေါင်းချည်းပဲ ပြောင်းရင် အကျိုးသိပ်မဖြစ်ဘူး - အမြီးချည်းပဲ ပြောင်းရင်လည်း အလကားပဲ - တကိုယ်လုံး တခုလုံးပြောင်း
မှဖြစ်တာ - သမ္မတ ကနေပြီးအောက်ခြေအထိ အကုန်ပြောင်းမှရမယ်။ လက်တွေ့ မရသေးဘူး။ လူမှုထောက်ကူအဖွဲ့ ၊ လူထုအခြေပြုအဖွဲ့ တွေချည်း လှုပ်ရှားမှု သက်သက်မဟုတ်ပဲ အာဏာပိုင် အဖွဲ့တွေပါ တသားတည်း လုပ်မှရမယ်။ အစိုးရနဲ့ လူထုအဖွဲ့ အစည်း ပြန်လှန်ထိန်းညှိဖို့ ဆိုတာက အစိုးရဟာ လူထုထဲက မွေးထုတ်ထားတာမျိုးမှ ဖြစ်နိုင်တယ်" စသဖြင့် ဆွေးနွေးခဲ့ကြောင်း
 သိရှိရပါသည်။