၂၀၁၂-၁၁-၂၆
မြန်မာ့စီးပွားရေး ဦးပိုင်လိမီတက် ကိုလွယ်လွယ်ပဲ ဦးပိုင် လို့ခေါ်ပါ့မယ်..။ အားလုံးသိကြပြီးတဲ့ အတိုင်း
ပါပဲ.. နိုင်ငံရဲ့စီးပွားရေး မျိုးစုံ ပါမစ်..၊ လမ်းတံတား..၊ ဘိလပ်မြေစက်ရုံ..၊ သယ်ယူ ပို့ဆောင်ရေး စတဲ့..
စတဲ့ စီးပွားရေးအရပ်ရပ်ကို လက်ဝါးကြီးအုပ်ထား ခဲ့တာကြာပါပြီ..။ ကားပါမစ် တစ်စောင်ရဲ့ တန်ဖိုးဟာ သိန်း ၄၀၀ ၀န်းကျင်ကနေ သိန်းထောင်ကျော် ခဲ့ပါတယ်..။ ဦးပိုင်ရဲ့ လက်အောက်က ကုပ္မဏီတစ်ခုရဲ့ ဒါရိုက်တာ တစ်ယောက်ဟာဘယ်လောက် ချမ်းသာ ကြွယ်ဝတယ်.... ၀င်ငွေဘယ်လောက်များသလဲ
ဆိုတာ သူသုံးတဲ့ငွေကိုကြည့်ရုံ နဲ့ သိနိုင်ပါတယ်..။ သူ့ရဲ့ တစ်ညတာ ကာရာအိုကေ..၊ စင်တင်..၊ နိုက်ကလပ် စသည်တို့မှာ သုံးစွဲလိုက်တဲ့ ငွေကြေးဟာ တပ်ရင်း (၇) ရင်းက ရဲဘော်တွေ တစ်ပတ် စားသုံးနေရတဲ့ စရိတ်နဲ့ ညီမျှတယ်ဆိုတာကို ဖတ်မိမှတ်သားထားဘူးပါတယ်..။ ငွေတွေက ဒလဟောဝင်နေတော့ ဘယ်လောက်ချမ်းသာလို့ ချမ်းသာမှန်းတောင် သူတို့ကိုယ်သူတို့ မမှတ်သားနိုင်တော့ပါဘူး..။ ဒီတော့ ဦးပိုင်ရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်ခဲ့တဲ့ အချိန်ကာလ အတွင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ နဲ့ အတူ အောက်ခြေက တပ်မတော်..၊ တပ်မတော်သား မိသားစုဝင်တွေ ပါ တိုးတက်ကြီးပွားချမ်းသာ အဆင်တွေ ပြေခဲ့ရဲ့လား...?? ဒီမေးခွန်းကို ကျနော်တို့ ဖြေစရာတောင် မလိုပါဘူး...။ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် လွတ်တော်အတွင်းမှာ လက်ပတောင်းတောင် စီမံကိန်း နဲ့ ပတ်သက်ပြီးရှင်းပြရာမှာ အဖြေက ပါသွားပြီးသားပါ...။
""ပင်စင်ယူလိုက်ပြီးတဲ့ တပ်မတော်သားတွေဟာ ဆိုက်ကားနင်းပြီး ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတာတွေရှိတယ်.."" လို့ ဆို့နင့်စွာ ပြောပြီး ၀န်ကြီးက ရှေ့ကချထားပေး တဲ့ ရေခွက်ထဲက ရေကိုသောက်လိုက်တာ ကျနော်စိတ်မကောင်းစွာ တွေ့မြင်လိုက်ရပါတယ်..။

ဒီတော့ ဦးပိုင်ဟာ အခု ဒီစီမံကိန်းအောင်မြင်မှ
တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေကို ပံ့ပိုးပေးနိုင်မှာလား..။ အခုမှ
ဦးပိုင်ကို စပြီးတည်ထောင်မှာလဲ မဟုတ်ပါဘူး..။ ကြာခဲ့ပြီလေ..
တကယ်သာ
ဦးပိုင်ရဲ့ ရပ်တည်ချက်ဟာ မှန်ကန်ခဲ့တယ်ဆိုရင်တော့ ဒီလိုဝမ်နးည်းဖွယ်..
စိတ်မကောင်းဖွယ် အဖြစ်တွေ မြင်ရမှာ မဟုတ်ပါဘူး...။
ဒီရက်ပိုင်း ရက်စွဲတိတိကျကျဆိုရင်တော့ (၂၄.၁၁.၂၀၁၂)..ကပေါ့..။ ကျနော် သူငယ်ချင်း တစ်ယောက်နဲ့အတူ တောင်ကြီး မိခင်နဲ့ ကလေးဆေးရုံ ကို သူငယ်ချင်းရဲ့ ကိစ္စတစ်ခုနဲ့ သွားရင်းရောက်ခဲ့တယ်ဗျ..။ သူငယ်ချင်းကိုစောင့်ရင်း ဆေးရုံ အပြင်မှာပဲ နေပူလုံရင်းစောင့်နေရာ မှာ ဆေးရုံရဲ့ ရင်ခွဲရုံနားမှာ စစ်ဝတ် ၀တ်ထားတဲ့ စစ်သားအချို့နဲ့ တပ်ထဲက အမျိုးသမီးတွေ အချို့ကိုတွေ့လိုက်မိတယ်..။ ကျနော်လည်း အနီးမှာရှိနေတဲ့ သူကိုစပ်စုမေးမြန်းကြည့်မိပါတယ် ..။
တပ်မတော်သား တစ်ဦးရဲ့ အမျိုးသမီး မီးဖွားတယ်..။ မီးဖွားပြီး သွေးတောက်လျှောက် သွန်နေတာ
ဒီရက်ပိုင်း ရက်စွဲတိတိကျကျဆိုရင်တော့ (၂၄.၁၁.၂၀၁၂)..ကပေါ့..။ ကျနော် သူငယ်ချင်း တစ်ယောက်နဲ့အတူ တောင်ကြီး မိခင်နဲ့ ကလေးဆေးရုံ ကို သူငယ်ချင်းရဲ့ ကိစ္စတစ်ခုနဲ့ သွားရင်းရောက်ခဲ့တယ်ဗျ..။ သူငယ်ချင်းကိုစောင့်ရင်း ဆေးရုံ အပြင်မှာပဲ နေပူလုံရင်းစောင့်နေရာ မှာ ဆေးရုံရဲ့ ရင်ခွဲရုံနားမှာ စစ်ဝတ် ၀တ်ထားတဲ့ စစ်သားအချို့နဲ့ တပ်ထဲက အမျိုးသမီးတွေ အချို့ကိုတွေ့လိုက်မိတယ်..။ ကျနော်လည်း အနီးမှာရှိနေတဲ့ သူကိုစပ်စုမေးမြန်းကြည့်မိပါတယ်
တပ်မတော်သား တစ်ဦးရဲ့ အမျိုးသမီး မီးဖွားတယ်..။ မီးဖွားပြီး သွေးတောက်လျှောက် သွန်နေတာ
ကြောင့် စစ်ဆေးရုံကနေ အမျိုးသမီး နဲ့
ကလေးဆေးရုံကို လွှဲပြောင်းပေးလိုက်လို့ ဒီဆေးရုံကိုရောက်လာပါတယ်..။
ထုံးစံအတိုင်းပေါ့.. ဒီဆေးရုံကိုရောက်လာတော့ သွေးဝယ် ရမယ်..
သွေးသွင်းရမယ်ဆိုတော့ ပိုက်ဆံမှ မရှိတော့ တပ်ထဲကို ရဲဘော်လေး
ပြန်ပြေးသွားပြီး တပ်မတော်သားတွေ ရဲ့ အကူအညီကြောင့် သွေးကိစ္စ
အဆင်ပြေသွားပါတယ်..။ အပေါ်က သွင်းသမျှသွေး ပြန်ထွက်သွားတော့
ဆေးရုံတာဝန်ရှိသူတွေက ဆေးဝယ်ဖို့ ဆေးစာရွက်ရေးပေး လိုက်ပါတယ်..။ သူ့အတွက်
ဒုက္ခပေါ့...။ တပ်ထဲကိုပြန်ပြေးပြီး သူ့အထက်အရာရှိကို
အကျိုးအကြောင်းပြောပြပြီး ငွေချေးရှာပါတယ်..။ မရပါဘူး..။ ဒီတော့ သူ့မှာ
အခြားသောနေရာတွေကို ငွေရဖို့ရာ လိုက်လံချေးရှာတာပေါ့...။ သူ..ငွေရခဲ့သလား..
မရခဲ့ဘူးလား
တော့.. ကျနော်မသိပါဘူး..။ ဒါပေမဲ့ သူဆေးရုံကို ပြန်ရောက်တော့
သူ့ဇနီးဟာ မွေးကင်းစ
ရက်ပိုင်းသာသာ ကလေးအပါအ၀င် အခြားသော ကလေး (၃)ယောက်နဲ့
သူ့ကိုထားပြီး လောကကြီးထဲက နေ စိတ်နာနာနဲ့ စိတ်မချစွာထားခဲ့ပြီး
ထွက်သွားရှာပြီလေ.....။
ကဲ.. ဦးဝေလွင်..!!! ဦးဝေလွင် ပြောတဲ့ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်
ကဲ.. ဦးဝေလွင်..!!! ဦးဝေလွင် ပြောတဲ့ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်
ဟာ
တပ်မတော်သား အများစုကို ပံ့ပိုးပေးနိုင်ပါရဲ့လား..ဗျာ.. .။
ဒီ့ထက် စိတ်မကောင်းရတဲ့ အဖြစ်အပျက်တွေ တပ်မတော် နဲ့
တပ်မတော်သားမိသားစုဝင်တွေ အကြားမှာ အများကြီး ရှိနေသေးတယ်ဆိုတာ မပြောလည်း
အားလုံးသိပြီးသားပါ...။ ခဗျာင်္းတို့ ဦးပိုင် ရဲ့ ရပ်တည်ချက်တွေ
သုံးစွဲမှုဆိုင်ငွေကြေးရှင်းတမ်း တွေ
ဒီ့ထက်ပွင့်လင်းမြင်သာမှု မရှိပဲနဲ့တော့ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေ
ဟာ
စာရွက် မှာပဲရေးထားပြီး ထိရောက်မှုမရှိပဲ ထိပ်ပိုင်းခေါင်းဆောင်တွေ..
လက်ဝေခံတွေသာလျှင် ချမ်းသာပြီးရင်းချမ်းသာ.. အောက်ခြေ တပ်မတော်သား နဲ့
မိသားစုဝင်တွေကတော့ ဒုံရင်းက ဒုံရင်းဘ၀တွေပါပဲ....။ ဒီတော့ လက်ပတောင်းတောင်
စီမံကိန်းက ရမယ့်ငွေထက် အဆပေါင်းများစွာ ပိုနေ.. ချမ်းသာနေကြတဲ့
ဦးပိုင်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ ဒါရိုက်တာတွေ ရဲ့
ပိုင်ဆိုင်မှုထဲက အားလုံးကိုမဆိုလိုပါဘူး.. တစ်ဝက်စီလောက်ထုတ်ပြီး
တပ်မတော်သားတွေနဲ့ မိသားစုတွေ ကိုထောက်ပံ့ပေးလိုက်ရင် ဒီနေ့ချက်ချင်း
လက်ပတောင်းတောင် စီမံကိန်း ရပ်လိုက်လို့ရပါတယ်..
ဗျာ....။