Monday, November 12, 2012

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းငွေလှူဒါန်း

၂၀၁၂ခုနှစ်၊နို ၀င်ဘာ(၁၂)ရက် နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ ၊ရွှေဂုံတိုင်လမ်း ၊တော်ဝင်နှင်း ဆီ စားသောက်ဆိုင် ၊ငြိမ်းချမ်းရေးခမ်းမ၌ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ ပဉ္စမ အကြိမ်ထောက်ပံ့
ငွေပေးအပ်ပွဲနှင့် အလှူရှင်များ ဂုဏ်ပြုပွဲကို ကျင်းပခဲ့သည်။ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာမြန်မာ
နိုင်ငံ အကျဉ်းထောင်များအတွင်း ဖမ်းဆီးထိမ်းသိမ်းခံရဆဲနိုင်ငံရေး အကျဉ်းသားများ ၊နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ၎င်းတို့မိသားစုများ၊ အကူအညီ လိုအပ်နေသော ဘ၀တူစာနယ်ဇင်း
သမားများနှင့် မိသားစုများအား တတ်နိုင်သမျှကူ ညီထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပြီး၊ ယနေ့လှူဒါန်းပွဲတွင် ပုဂ္ဂိုလ်(၂၇) ဦးအားထောက်ပံ့ငွေ (၇၅)သိန်းကို 
ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။