Monday, November 12, 2012

ငလျင်ဒဏ်ခံ ပြည်သူများအတွက် အဖွဲ့ချုပ်မှ သိန်း(၁၀၀) လှူဒါန်း

ယနေ့ နိုဝင်ဘာလ(၁၂)ရက်နေ့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် လူမှုအထောက်အကူပြုအဖွဲ့တို့၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်ခံ   ပြည်သူများအတွက် ငွေကျပ် သိန်း(၁၀၀) လှူဒါန်းမည်ဖြစ်ကြောင်းသိရှိရပါသည်။ လှူဒါန်းငွေများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ကိုယ်စားလှယ်များမှ တဆင့် ငလျင်ဒဏ်ခံပြည်သူများအား လှူဒါန်းသွားမည်ဖြစ်သည်။
နီးစပ်ရာ တိုင်းဒေသကြီးနှင့် မြို့နယ်များမှအဖွဲ့ချုပ်ကိုယ်စားလှယ်များနှင့်အဖွဲ့ဝင်များအနေဖြင့်လည်း 
မိမိတို့ တတ်အားသမျှ ငွေအား၊ လူအားဖြင့် ငလျင်ဒဏ်ခံမြို့နယ်များသို့ လိုအပ်သော အစားအသောက်၊ ဆေးဝါးများထောက်ပံ့လှူဒါန်းကြရန်လည်း တိုက်တွန်းနှိုးဆော်ထားကြောင်း သိရပါသည်။