Thursday, November 22, 2012

မြန်မာ့ တက္ကသိုလ်ပညာရေး အဆင့်မြှင့်တင်ရန် အမေရိကန်တက္ကသိုလ် ၉ ခုနှင့်ပူးပေါင်းမည်

၂၀၁၂-၁၁-၂၂
မြန်မာနိုင်ငံရှိ တက္ကသိုလ်များ အဆင့်အတန်းမြှင့်တင်နိုင် ရေး အမေရိကန်တက္ကသိုလ် ကိုးခုဖြင့်ပူး   ပေါင်း ဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာပညာရေးအဖွဲ့အစည်း Institute of International    Education (IIE) မှ ဝါရှင်တန်ဒီစီရှိ အမေရိကန်တက္က သိုလ်အပါအဝင် အရီဇိုးနားပြည်နယ်တက္က သိုလ်၊ မြောက်ပိုင်း အရီဇိုးနားတက္ကသိုလ်၊ ဘောလ်ပြည်နယ်တက္ကသိုလ်၊ ဟာဝိုင်ရီပစိ ဖိတ်၊       မြောက်ပိုင်း အီလီနွိုက် တက္ကသိုလ်၊ မက်ဆာချူးဆက် ဥပဒေဆိုင်ရာတက္ကသိုလ် နှင့် ဝါရှင်တန် တက္ကသိုလ် ၊ စတန်းဖို့ဒ်တက္ကသိုလ် တို့ ပါဝင်သည်။စုစုပေါင်း တက္ကသိုလ်ကိုးခုဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာ ရေးစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် မြန်မာတက္ကသိုလ်များ    နှင့်ပူး ပေါင်း ဆောင် ရွက်ရေးမဟာဗျူဟာစီမံကိန်းလုပ်ငန်းအ တွက် အဆိုပါတက္ကသိုလ်များ        ကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုပူးပေါင်းဆောင်ရွက်မှုကို တက္ကသိုလ်ပညာရေးကဏ္ဍ ဦးဆောင်မှုအပိုင်းမှ စတင်လုပ်ဆောင်သွား မည်ဟု သိရသည်။
''မြန်မာနိုင်ငံက တံခါးပိတ်ဝါဒ ကြောင့် အခြေခံအဆင့်ကနေတက္ကသိုလ် အဆင့်အထိ နှစ် ၅ဝလောက် ကမ္ဘာကြီး နဲ့ပြတ်ကျန်နေခဲ့တယ်။ ကမ္ဘာ့နံပါတ် (၁)နိုင်ငံကြီးနဲ့ ပညာရေးဆိုင်ရာ အကူအညီ တွေရတာ တကယ့် အားဆေးတစ်ခုပါပဲ။ လူငယ်တွေ အနာဂတ်အတွက် ဝမ်းသာ စရာပါ။ရတဲ့အခွင့်အရေးကိုချုပ် ကိုင်ပြီး ပညာရေးကိုစီမံခန့်ခွဲတဲ့သူတွေ၊ တာဝန်ရှိသူ အကုန်လုံးနဲ့ပြောင်းလဲနိုင်ရပါမယ်။ သင်ရိုး ပြောင်း ရုံ၊စနစ်ပြောင်းရုံနဲ့ မပြီးပါဘူး''ဟု မြန်မာနိုင်ငံပုဂ္ဂလိကဆရာများအသင်းချုပ် မှ ဒေါက်တာ စိုးဝင်း ဦးက ပြောသည်။
''မြန်မာ့လူ့အခွင့်အရေးနဲ့ဒီမို ကရေစီအရေးမြှင့်တင်ဆောင်ရွက်ရေးမှာ အရင်တုန်းက လက်တွဲ   ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အမေရိကန်တက္ကသိုလ် တွေနဲ့ဆက်သွယ်ဆောင်ရွက်    မှုတွေရှိခဲ့ပါ တယ်''ဟု ASEAN Study Centre ညွှန်ကြားရေးမှူး နှင့်နိုင်ငံတကာဌာနပါမောက္ခ      ဒေါက်တာ ပတ်ခ်ခွန်းဟန်း က ပြည်ပမီဒီ ယာသတင်းဌာနထုတ်ပြန်ချက်တွင် ပြော ကြားထားသည်။

ယင်းကဲ့သို့ပူးပေါင်းမှုများနှင့် ပတ်သက်၍ Crown Education ၏အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော်  ဆန်း က ''ပူးပေါင်းဆောင်ရွက်မှုမှာ ထင်သာမြင်သာ တဲ့ဆောင်ရွက်မှုတွေ ဖြစ်ဖို့လိုတယ်။ ရန် ကုန်တက္ကသိုလ် ကပေးတဲ့ဘွဲ့တွေကို အမေ ရိကန်က အသိအမှတ်ပြုနိုင်တဲ့အထိဖြစ်ဖို့ လိုအပ်တယ်။ Student Exchange Pro-gram တွေအတွက် ဒီကဘာသာရပ်တွေနဲ့ အမေရိကန် ဘာသာရပ်   တွေပူးပေါင်းပြီး Dual Award တွေပေးနိုင်ခဲ့ရင် ကျောင်း သားအတွက် အပြန်အလှန် အကျိုးရှိနိုင် မယ်''ဟု ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်ခဲ့ သည့် အမေရိကန်သမ္မတ အိုဘားမား၏ သမိုင်းဝင်မိန့်ခွန်း၌လည်း     ''ဒီနိုင်ငံရဲ့ အနာဂတ်ကို ဒီနိုင်ငံရဲ့လူငယ်တွေရဲ့ပညာရေး ကပဲ အဆုံးအဖြတ်ပေးမှာဖြစ်တဲ့အတွက်     ရန်ကုန် တက္ကသိုလ်ရဲ့ တစ်ချိန်က ကြီးကျယ် ခမ်းနားမှုကိုပြန်လည်ရရှိအောင် ဆောင် ကြဉ်းကြရ     မယ်''ဟု ထည့်သွင်း ပြောကြားခဲ့သည်။