၂၀၁၂-၁၁-၂၄
မုံရွာခရိုင် ဆားလင်းကြီးမြို့ နယ် အတွင်းက လက်ပံတန်းတောင် ကြေးနီစီမံကိန်းကို ဦးစီး
လုပ်ဆောင်နေတဲ့ တရုတ် ၀ှမ်ပေါင် ကုမ္ပဏီ နဲ့  ဦးပိုင် ရဲ့  လုပ်ငန်းတွေကို ရပ်တန့် ဖို့  ဆန္ဒပြနေ တဲ့ ဒေသခံတွေ၊ အလုပ်သမား ၊ ကျောင်းသား ၊ သံဃာ တော် တွေ ရဲ့  သပိတ် စခန်း ကို ရောက် ရှိလာတဲ့ ဦးအောင်မင်းက ဆန္ဒပြခေါင်းဆောင်တွေကို ပြောကြားရာမှာ ” တရုတ်ကမူဆယ်ဘက်ကနေ ပစ္စည်းတွေ သွင်းပေးပြီး ထမင်း ကျွေးထားကြောင်း ၊တရုတ် ကျေးဇူး ကြီးမားကြောင်း၊ တရုတ် နိုင်ငံ ရဲ့  ကျေးဇူး ကို ကာ ပြန် ရင် အ၀ီစိ ငရဲ မှာ နောက် ဘုရား မပွင့် မချင်း နေရ မှာ ဖြစ် တယ် ” လို့  ပြောကြား ခဲ့ တယ် လို့  ဦးအောင်မင်း နဲ့  ဆန္ဒပြ ခေါင်းဆောင် တွေ တွေ့  ဆုံပွဲ ကို တက်ရောက်ခဲ့ တဲ့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်း စောင့်ရှောက်မှုရေးရာတက်ကြွလှုပ်ရှာသူ ကိုကျော်ဦးထွန်း က FNG ကို ပြောပါတယ်။သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တရုတ်ကိုထောက်ခံပြောဆိုခဲ့သည်။
http://freedomnewsgroup.com/2012/11/24/u-aung-min-china/