2012-11-30
"ဒါက လုံးဝမဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောချင် တယ်။ ဘာကြောင့်လဲဆိုတော့ အဓိကရုဏ်းကို ဖြိုခွင်းတဲ့ နေရာမှာ နည်းလမ်းမျိုးစုံရှိတဲ့ အထဲမှာ ဒီနည်း လမ်းမှာ

သုံးစွဲတဲ့ လက်နက်ဟာ အင်မတန်မှ ပြင်းထန် လွန်းတဲ့ လက်နက်တစ်ခု ဖြစ်တယ်။
မီးလောင်ဗုံး ဆိုတာဟာ အဓိကရုဏ်း နှိမ်နင်းတဲ့သမိုင်းမှာ တစ်ခါမှ မကြုံခဲ့ဘူးတဲ့ လက်နက်ဖြစ်တယ်။ နောက် တစ်ခါကျတော့သံဃာတော်တွေ အိပ်မောကျနေတဲ့ အချိန်မှာ သံဃာ တော်တွေကို အလစ်အငိုက် တိုက်ခိုက်တဲ့ သဘောမျိုး ဖြစ်တဲ့အတွက် ချုံခိုတိုက်ပွဲလို့ သံဃာတော်တွေ ဘက်က ပြောနေကြတာလည်း ကြားရတယ်။
ပြီးတော့ ဒါဟာ ရက်စက်စွာ နှိမ်နင်းမှုဖြစ်ပြီးတော့ နှိမ်နင်းမှုကြောင့် ငါးသိန်းအင်အား ရှိတဲ့ မြန်မာတစ်ပြည်လုံးက သံဃာ တော်တွေရဲ့ဒေါသကို ပိုပိုကြီး ထွားလာအောင် ဆွလိုက်သလို ဖြစ်လို့ နှစ်ဖက်စလုံး အကျိုးမရှိတဲ့နည်းလမ်း ဖြစ်တယ်လို့ ပြောချင်တယ်။
ကျွန်တော်တို့ဗကသကလည်း အေးချမ်းစွာ ဖြေရှင်းပါ။ အေးအေးဆေးဆေး ညှိနှိုင်းတဲ့ ပုံစံနဲ့ ဖြေရှင်းပါ။ တောင်းဆိုချက်တွေကိုတတ်နိုင်သမျှ လိုက်လျောပါ ဆိုတာ ကြေညာချက် သဘောထား ပေးထားတာ ရှိတယ်။ အဲဒါနဲ့ ဆန့်ကျင်ပြီး အခုလို လုပ်လိုက်တာကိုတော့ ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်"
(ကျော်ကိုကို၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ)
Posted by EMG