၂၀၁၂-၁၁-၂၃
"ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ညစာစားပွဲပြုလုပ်၊ဗမာတိုင်း ရင်းသားများဖိတ်ရမည်ဆိုလျှင်တပ်မတော်သားကိုယ်စားလှယ်များလာရောက်ပါက ဖိတ်မည်ဖြစ်ကြောင်းဆို"
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၂ ရက်နေ့ ညနေတွင် နယူးဇီလန် ၀န်ကြီးချုပ် နှင့်တွေ့ဆုံပြီးနောက် ၄င်းမှ ဖိတ်ကြားထားသော တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် များဖြင့် ညစာစားပွဲ ကို နေပြည်တော် စည်ပင်ရိပ်သာ တွင် ညစာတည်ခင်းဧည့်ခံခဲ့သည်။ထို ညစာ စားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးတည်ဆောက်မှု နှင့် ပတ်သတ်သော လက်ရှိ လွှတ်တော် အရေးကိစ္စများ၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် နိုင်ငံအတွက် တိုးတက်ရေးအဆိုနှင့် မေးခွန်းများကို ထောက်ခံခြင်း၊ကန့်ကွက်ခြင်းများ၊တိုင်းရင်းသားများ၏ ပါဝင်ဆောင်ရွက်မှု အခြေအနေများကို ညစာစားပြီးချိန်တွင် ပြောကြားခဲ့သည်။ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အောင်မြင် အတည်ပြု ခဲ့သော ၄င်း ၏ အဆိုနှစ်ခု တွင် ထောက်ခံ

ပေးခဲ့သောကြောင့် နိုင်ငံ တိုးတက်မှု လမ်းစဉ် များအတွက် ကျေးဇူးတင်ဝမ်းသာကြောင်း၊ရှေ့ဆက်သွားမည့်
နိုင်ငံ့အရေးကို တိုင်းရင်းသားအားလုံးနှင့် ပူးတွဲ လုပ်ဆောင်သွားရမည်
ဖြစ်ကြောင်းနှင့် တိုင်းရင်းသားများမှလည်း နိုင်ငံ့ အရေးအတွက် ကိုယ်တိုင်
လက်တွဲဆောင်ရွက် ရန် ပြောကြားခဲ့သည်။ယင်းကဲ့သို့ တိုင်းရင်သားကိုယ်စားလှယ်များဖိတ်ကြားညစာစားရာတွင် ဗမာ တိုင်းရင်းသားများအပြင် ကြံ့ခိုင်ရေးပါတီဝင်(အများစု) မပါကြောင်း ကိုယ်စားလှယ် တစ်ချို့ကကျင်းပခဲ့ပြီးလွှတ် တော်နေ့ရက်တွင်
ပြောကြားခဲ့ဖူးသော အသံများ ထွက်လာသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က"
ဗမာတိုင်းရင်းသားတွေ ဖိတ်လို့လာတက်မယ် ဆိုရင် တပ်မတော်
သားကိုယ်စားလှယ်တွေလည်း ဗမာတွေ၊တိုင်းရင်းသားတွေပဲ ၊သူတို့ကို
ပါအောင်ခေါ်လာမယ်ဆိုရင် ဒီပွဲကို ဖိတ်ပါတယ်။စုံစုံညီညီ
လုပ်ချင်ပါတယ်။ကြံ့ခိုင်ဖွံ့ ဖြိုးရေးက အားလုံးကို ဖိတ်ရင်လည်း ဒီခန်းမက ဘယ်လိုမှ ဆန့်မှာ မဟုတ်ပါဘူး၊ဗမာတိုင်းရင်းသားတွေ က ပိုပြီးများလို့ပါ၊"ဟုရယ်မောရင်း ဆိုသည်။ထို့ပြင် တိုင်းရင်းသားများနှင့်ဆိုင်သော နိုင်ငံရေးစိတ်ပါ ၀င်စားမှု များနှင့် လွှတ်တော်နိုင်ငံရေးပြည်တွင်းပြည်ပ
နိုင်းယှဉ်မှုကို အလေးအနက် ဖြင့် အကျယ်တ၀ံ့ပြောကြားခဲ့ပြီး နောက် ၊
တက်ရောက်လာသူများ၏ ရွေးချယ်မှု အရ၊တိုင်းရင်းသား ကိုယ်စားလှ ယ်များကိုယ်စားပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးတီခွန်မြတ်မှ အမှာစကားနှင့် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ထို့ပြင် ဒေါ်အောင်ဆန်းစု ကြည်၏ ဖိတ်ခေါ်စကားအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်း(ဥပဒေကြမ်းကော်မတီ အတွင်းရေးမှုး )က " ဥက္ကဌ ကြီးမှာတဲ့စကားတခွန်းမှာတာကိုပြောချင်ပါတယ်၊ပြည်သူ့လွှတ်တော် ဥက္ကဌ (သူရဦးရွှေမန်း)ကို ဖိတ်ရင်လည်းလာပြီးညစားစားပွဲတက်နိုင်ပါတယ်တဲ့" ဟု ပြောကြား ခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ရင်းရင်းနှီးနှီးတွေ့ဆုံမှာ ကြားခဲ့ကြောင်းတွေ့ရသည်။ အဆိုပါ ညစာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ တိုင်းရင်းသားကိုယ်စားလှယ်များဖြင့် အမှတ်တရ ဓါတ်ပုံများတွဲ ရိုက်ကာ ရင်းနှီးစွာ တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီးညစာစားတွေ့ဆုံပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များအပါအ၀င်ကို ယ်ပိုင်အုပ်ချုပ်ခွင့်ရကိုယ်စားလှယ် များ၊တိုင်းရင်းသားပါတီများ ဦးရေစုစုပေါင်းဦးရေ ၁၀၀နီးပါး တက်ရောက်ခဲ့ကြောင်းသိရသည်။PMNJ