၂၀၁၂-၁၁-၂၉
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေမှာရှိတဲ့ သပိတ်စခန်းတွေကို ၂၇ရက် (ဒီနေ့)့ ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန်၊ ဖယ်
ရှားခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန
ရှားခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန
က ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရအနေဖြင့် ဒီမိုကရေစီနည်းအရ ညှိနှိုင်းဖြေရှင်းခြင်းကို အောင်မြင်အောင်အကောင်အတည်
မဖေါ်ဘဲ အာဏာဖြင့်အကြမ်းဖက်ဖြေရှင်းခြင်းသည် ပြည်သူများအတွက် ထိခိုက်နှစ်နာမှုများစွာရရှိ
စေသည်။အစိုးရမှ ဦးစိုးသိန်းက ၀န်ခံပြောဆိုခဲ့ခြင်းကိုလည်း လှစ်လှု့ ရှုကာ ပြုပြင်ပြောင်းလဲရေးကာလ
တွင် ပြည်သူတို့ ၏အသံကို အကြမ်းဖက်မှုဖြင့်ဖိနှိပ်ဖြေရှင်း၍မရနိုင်သော အချိန်ဖြစ်၍ အတုအယောင်ဒီမိုကရေစီသာ ကျင့်သုံးနေသော အစိုးရသာဖြစ်သည်။
မီးလောင်ဗုံးဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဆရာတော်များပြည်သူများ အပြင်းအ ထန်ဒဏ်ရာများ
ရရှိကာ မုံရွာဆေးရုံနှင့် မန္တလေးဆေးရုံးများသို့  အရေးပေါ်တင်ထားရသည်ဟုသိရှိရသည်။
မကြာခင်မှာ မင်းသားခေါင်းစွပ်ထားတဲ့ သိန်းစိန် အစိုးရ အကြောင်း နိုင်ငံတကာက အထင်းသား အရှင်းသားမြင်ကြတော့ မည်။
ယနေ့ ဟောင်ကောင် နှင့် ယူနန်တွင် ထုတ်ဝေလျှက်ရှိသော
The daily post (HK)
နှင့် ယူနန် Image News တို့တွင် မြန်မာအစိုးရ အနေဖြင့် ကျေးဇူးတရား
နားမလည်းသေးသော မြန်မာပြည်မှ ပြည်သူများကို ကျေးဇူးတရား နားလည်အောင်
ကြပ်ကြပ်မတ်မတ် သွန်သင် ဆုံးမသင့်ကြောင်း အကျယ်တ၀င့် ရေးသားဖေါ်ပြထားသည်။