ရိုက်နှက် နှိပ်စက်ခံရသူ ကိုကျော်မိုး ဟာ အမြင် အာရုံ ဆုံးရှုံးရတော့မယ့် အထိ ဆိုးရွားစွာ ဒါဏ်ရာရခဲ့ပြီး ဓနုဖြူမြို့ ဆေးရုံမှာ တက်ရောက်ကုသနေရာကနေ အရေးပေါ် အခြေအနေထိ
ဖြစ်လာလို့ ဓနုဖြူဆေးရုံမှ ရန်ကုန်သို့ အရေးပေါ် သယ်ဆောင်လာနေတာ အခု
ပန်းတနော်မှ ရန်ကုန် ဒဂုံဧရာ အဝေးပြေး ဂိတ်ကို ဆရာတော် တပါး ဦးဆောင်ပြီး
လာပို့နေပါတယ်။ ယခု လေးတင် ရရှိတဲ့ ဖုန်း အဆက်အသွယ် အရ
ခရိုနီလက်ပါးစေတို့ရဲ့ ရိုက်နှက်နှိပ်စက် မတရားပြုမှုကြောင့် ပြင်းထန်စွာ
ထိခိုက် ဒါဏ်ရာရသူ ကိုကျော်မိုးဟာ အမြင်အာရုံ ဆုံးရှုံးမတတ် မျက်လုံး
နှစ်ဖက် ထိခိုက်ပြီး ရန်ကုန် အရေးပေါ် ဌာနကို ပို့ဆောင် ကုသဖို့
အားချင်းသယ်ဆောင်လာနေပါတယ်။
သတင်းမီဒီယာ သမားများသိရှိလိုပါလျှင်
အခု အဝေးပြေး ၀င်းကို သွားစောင့်ကြိုပြီး ဆေးရုံကြီး အရေးပေါ် ဌာနကို
ပို့ဆောင် ကုသိုလ် ယူပေးမယ့် ကျနော်တို့ ကွန်ယက်က သယ်ယူပို့ဆောင်ရေး
တာဝန်ခံ ကိုအေးကျော် ( ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း) 095136767 ကို အခု
ဆက်သွယ်ပြီး အရေးပေါ်လူနာ ကို သွားရောက် ကြိုယူ သတင်းမေးမြန်း
ကူညီနိုင်ကြပါတယ်။
တင်ပြချိန် မနက်၉ နာရီ ၁၀ မိနစ်၊ နိုဝင်ဘာလ 27 ရက်၊ ၂၀၁၂ ခုနှစ် ကိုနေမျိုးဇင်