Monday, November 26, 2012

အာဏာရှင်စနစ်မှ မပြောင်းလဲသေးသော မြန်မာနိုင်ငံ

အရေးပေါ်သတင်းယနေ့ နံနက် ၁၀နာရီခန့် အချိန်တွင် ဗကသများအဖွဲ့ ချုပ်(ဗဟိုလုပ်ငန်းကော်မတီ) သတင်းနှင့် ပြန်ကြားရေးရာကော်မတီတာဝန်ခံ ကိုသီဟဝင်းတင် ကို အလုံမြို့ နယ် နယ်မြေခံ SB ရဲအုပ်မြင့်ဦး က မည်သည့်အကြောင်းပြချက်မျှ မပေးပဲ နေအိမ်မှလာရောက်ခေါ်ဆောင်သွားကြောင်းသိရသည်။ ကိုသီဟဝင်းတင် က" ဖမ်းတာလား" ဟုမေးရာ ၎င်း SB က "မဟုတ်ပါဘူး မေးစရာရှိလို့ ပါ" ဟုပြန်ဖြေကြောင်းမိသားစုဝင် များကပြန်လည်ပြောပြသည်။

ကျွန်တော် အခုအိမ်ကို ညနေတွင် ချောချောမောမောနဲ့ ပြန်ရောက်လာပါပြီ။ ဝိုင်းဝန်းစိတ်ပူပေးသော    သူငယ်ချင်းများ အားလုံး ရဲဘော်ရဲဘက်များ အားလုံးကိုကျေးဇူးတင်ပါသည်။
လက်ပံတောင်း အရေးအောင်ရမည်။တရားသောလမ်းကို ကွေ့ ရှောင်မသွားပဲ အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်ကြ။
 
သီဟဝင်းတင်