Thursday, November 22, 2012

မြန်မာနိုင်ငံမှာ မီဒီယာ သတင်းလွတ်လပ်ခွင့်ကိုတောင်းဆိုကြပြီး သူတို့ ကိုယ်တိုင်က ခေတ်နောက်ကျနေသည် မီဒီယာကဏ္ဍ လေ့လာဖို့ လို

ကျွန်တော်မောင်သီဟ (NHK) သတင်းထောက်၏တရားဝင်ကြေညာချက်။သတင်းထောက်များ     အနေဖြင့် သမ္မတအပါအဝင်မည်သည့်နိုင်ငံရေးခေါင်းဆောင်မျိုးကိုမဆိုကန်တော့သည်ဆိုသော မည်သည့်ဆောင်ရွက်ချက်မျိုးကိုမဆိုမူအရဆန့်ကျင်၊ကန့်ကွက်သည်။သို့သော၊ကဗ္မောဒီးယားတွင် အခက်တွေ့ခဲ့သောသတင်းထောက်များ၏အဖြစ်ကိုကိုယ်ချင်းစာနာမိပါသည်၊သမ္မတရော၊
သတင်းထောက်များပါမျှော်လင့်မထားပဲအခက်တွေ့ခဲ့ကြသည်ဟုနားလည်ပါသည်။ ဤသို့အားလုံးအခက်တွေ့စေရန်မျက်နှာလိုအားရတွန်းပို့ခဲ့သောမည်သည့်ပုဂ္ဂိုလ်ကိုမဆိုလုံးဝရှုတ်ချ ပါကြောင်း။ Thiha Thwe

ရှင်းလင်းမည့်သူများဝင်လာသည်။ သတင်းသမားများစုံနေသည်။ အရေးကြီးကိစ္စမေးမြန်းကြမှာဖြစ်        သည်။ သတင်းစာရှင်းလင်းပွဲစတော့မည်။ သတင်းထောက်များ အားလုံးဆောင့်ကြောင့်ထိုင်လိုက် ကြသည်။ သတင်းထောက်မများဒူးတုတ်ကြသည်။

ထို့နောက် တိုက်တစ်တိုက်မှ ၀ါရင့်သတင်းထောက်ကြီးတစ်ယောက်က စတိုင်တိုင်သည်။
"ကျွန်တော်ကျမတို့ မေးမြန်းတာ ရိုင်းပြတာရှိရင်ခွင့်လွှတ်ပါ ။ သံပြိုင်(ကျွန်တော်ကျမတို့ မေးမြန်းတာ ရိုင်းပြတာရှိရင်ခွင့်လွှတ်ပါ ။) "

"ကာယကံ ၀စီကံ မနောကံ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပါရင် တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ကန်တော့ပါ၏ လူကြီးမင်းများဘုရား"

သံပြိုင် ("ကာယကံ ၀စီကံ မနောကံ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပါရင် တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ကန်တော့ပါ၏ လူကြီးမင်းများဘုရား")

ထို့နောက် သတင်းထောက်များ အင်တာဗျူးမည့်သူများကို ဖင်ထောင်ကန်တော့ပြီး သကာလ သတင်းစာရှင်းလင်းပွဲစလေ၏ ။
ခရက်ဒစ် တူ Ko Thura Myo

ဓာတ်ပုံ - လူမင်းသောင်းထွန်း