Sunday, November 11, 2012

အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်း

(၁၁-၁၁-၂၀၁၂)ရက်နေ့ နံနက် ( ၇နာရီ၊ ၄၂ မီနစ်၊ ၃၈ စက္ကန့်)အချိန်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း   ရွှေဘိုမြို့ရဲ့ မြောက်အရှေ့ယွန်းယွန်း (North northeast) ၅၆ ကီလိုမိတာ(၃၅ မိုင်)ခန့်အကွာ ပြည်တွင်းတစ်နေရာကို ဗဟိုပြုကာ အင်အားရစ်ခ်ျတာစကေး(၆.၆)ရှိ ပြင်းထန်သောမြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပါတယ်။
အခြား.အနီးဆုံးမြို့မှာ မိုးကုတ်မြို့၊ သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့များ ဖြစ်ကြ ပါသည်။

မြေငလျင်ဗဟိုချက်ဟာ စစ်ကိုင်းငလျင်ကြောအပေါ်တွင် တည်ရှိနေပြီး မြေအောက်အနက် ၉.၉ ကီလိုမီတာ(၆ မိုင်)တွင် ဗဟိုပြုလှုပ်ရှားခဲ့သဖြင့် အနက်တိမ် ပြင်းအားကြီးမြေငလျင်(shallow depth strong earthquake) ဖြစ်သဖြင့် ပျက်စီးမှု များနိုင်ပါသည်။

မြေငလျင်ကြီးတို့၏အစဉ်အလာအတိုင်း နောက်ဆက်တွဲမြေငလျင်များ လှုပ်ရှား နိုင်သော်လည်း အများအားဖြင့် ပင်မမြေငလျင်ကြီးထက် အင်အားပိုမိုပြင်းထန် လေ့မရှိသောကြောင့် အများပြည်သူများအနေဖြင့် သတိထားရန်လိုသော်
လည်း အစိုးရိမ်မလွန်ကြရန်လိုအပ်ပါသည်။ အထူးသဖြင့် အချိန်ကာလနေ့ရက်နာရီ အတိအကျဖြင့် ထွက်ပေါ် လာသောခန့်မှန်းမှုများဟာအခြေအမြစ်ကင်းမဲ့သော ကောလဟလများသာဖြစ်သဖြင့် ပြည်သူများအနေဖြင့် သတိထားကြရန်လိုအပ်ပါမည်။
ဦးထွန်းလွင်