Friday, November 30, 2012

အစိုးရ၏ ဥပဒေမဲ့ အကြမ်းဖက်မှုအပေါ် တနိုင်ငံလုံးညီညီညွတ်ညွတ် ဆန္ဒပြမည်

                                           မြို့ တော်ခန်းမရှေ့ သံဃာတော်များ ဆန္ဒပြ 
၂၀၁၂-၁၁-၃၀                                                                                                                                      လက်ပံတောင်းတောင်တွင် သံဃာတော်များအား အကြမ်းဖက်ဖြေရှင်း နှိမ်နှင်းကာ မီးလောင်းဗုံးများ       ဖြင့် ဖြိုးခွင်းမှုကြောင့် တနိုင်ငံလုံးရှိ သံဃာတော်များနှင့် ပြည်သူများက သံဃာများ၏ ခန္ဓာကိုယ်များ          မီးလောင်ကျွမ်းပြီး ရုပ်ဆင်းပျက်ခဲ့ရသည့်အပေါ် စိတ်ထိခိုက်မှုများဖြစ်ပေါ်ကာ ပြည်တွင်းပြည်ပရှိ    သံဃာတော်များနှင့်ပြည်သူများက အစိုးရ၏ လုပ်ရပ်အပေါ် ဆန္ဒပြနေကြသည်။            
 လက်ပံတောင်းတောင်ကိစ္စနှင့်ပတ်သက်၍ ဗကသနှင့် သံဃာတော်များပူးပေါင်းကာ မန္တလေးမြို့ အိမ်တော်ရာဘုရားရှိ ၁၄ ခန်းဇရပ်ရှေ့တွင် ထိုင်သပိတ်ကို ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုခဲ့သည်။
 လက်ပံတောင်းတောင်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်သံဃာတော်များပူးပေါင်းကာ မြို့ တော်ခန်းမရှေ့   တွင် ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
မနက်ဖန်တွင် မြို့ ကြီးများရှိ သံဃာတော်များက လမ်းပေါ်ထွက်ကာ အစိုးရ၏ မတရားဥပဒေမဲ့                 လုပ်ရပ်နှင့် ဗုဒ္ဓဘာသာအပေါ်နှိပ်ကွပ်မှုများပြုလုပ်လာနေသောကြောင့်  အကြမ်ဖက်           ဘလူးခေါင်းဆောင်း မြန်မာအစိုးရအား ကန့် ကွက်ရှုံးချပွဲများ နေရာအနှံတွင် ပြသဖွယ်ရှိသည်ဟု               လက်ပံတောင်းတောင် ဆရာတော်တပါးမှပြောကြားခဲ့သည်။