skip to main |
skip to sidebar

၂၀၁၂-၉-၂ ၈၈
မျိုးဆက် စေတနာဝသန် ဂီတရန်ပုံငွေပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော
ကိုမင်းကိုနိုင်၊ ကိုပြုံးချိုနှင့် ကိုဌေးကြွယ်တို့ ပန်းချီရေးဆွဲထားသော
ဂစ်တာကို လေလံဆွဲယူတာ ဖြစ်ပါတယ်။ အခု အခါ အဆိုပါ ဂစ်တာကို
လေလံစတင်နေပြီးဖြစ်ပြီး ၈ သိန်း ၈ သောင်းနဲ့ လေလံစတင်ကာ (၁) သိန်း ၂၀ (၂)
သိန်း ၅၀ (၃) သိန်း (၄) ၈၈ သိန်း (၅) ကိုဝင်းနိုင်မှ သိန်း ၁၀၀ (၆)
ကိုဇော်စိုးအောင် ၁၀၈ သိန်း ၈ သောင်း ၈ ထောင် (၇) ၁၈၈ သိန်း ၈ သောင်း ၈
ထောင် (၈) ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၂၀၈ သိန်း (၉) Sky Net
(ရွှေသံလွင် မိသားစု)မှ ၂၈၈ သိန်း ၈ သောင်း ၈ ထောင် (၁၀) ဦးဇော်ဇော်မှ
သိန်း ၃၀၀ တိတိ (၁၁) ၃၈၈ သိန်း ၈ ထောင် (၁၂) ဦးဇော်ဇော်မှ သိန်း ၄၀၈ သိန်း
(၁၃) Sky Net ရုပ်သံမှ ၄၈၈ သိန်း (၁၄) ဦးဇော်ဇော်မှ သိန်း ၅၀၀ (၁၅) SKY
Net မှ သိန်း ၅၈၈ (စာရင်းပိတ်) ရယူသွားခဲ့ပါသည်။ အခု ရရှိတဲ့ လေလံငွေထဲမှ
သိန်းတရာကို ကချင်ဒေသ စစ်ဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းတဲ့အပြင် နောက်ထပ်
သိန်း ၁၀၀ ကိုပါ ချမ်းအေးလှတဲ့ ရာသီမှာ ဒုက္ခခံနေရရှာတဲ့ ကလေးငယ်တွေအတွက်
လှူဒါန်းတဲ့အတွက် စုစုပေါင်း သိန်း ၂၀၀ တိတိကို ကချင်ဒေသအတွက် လှူပါတယ်၊
ရခိုင်ဒေသအတွက် သိန်း ၁၀၀ ထပ်မံ လှူဒါန်းပါသည်။