Saturday, September 1, 2012

လူရွှင်တော်ဇာဂနာ သတင်းထောက်များအား ကြမ်းတမ်းစွာပြောဆို


၂၀၁၂-၉-၁
မနေ့က လေယဉ်ကွင်းမှာ သတင်းထောက်တွေက ABSDF ဆိုသူတွေလာတဲ့ သတင်းသွားလိုက်
ကြတယ်...အဲ့ဒီမှာ သတင်းသမားတွေရဲ့ တိုးဒဏ်၊ ဝှေ့ဒဏ်၊ သတင်းဓါတ်ပုံများရိုက်ကြသည့်အတွက် လူရွှင်ဒေါ်ကြီး ဇာဂနာ က သတင်းယူနေတဲ့ သတင်းထောက်တွေကိုအောက်ပါအတိုင်း အကျယ်ကြီး    ပြောတယ် မင်းတို့ တွေဗမာလိုပြောတာနားမလည်ဘူးလား ---ပဲ ဆိုပြီး ကြမ်းတမ်းစွာ ဆဲဆိုခဲ့သည်
သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
လူရွှင်တော်ဇာဂနာသည် ပြည်သူများကို ဟာသများဖြင့်ဖျော်ဖြေတင်ဆက်မှုတွင် နာမည်ကြီးပြီး ပြည်သူ
များက လေးစားချစ်ခင် အားပေးကြသည်။နိုင်ငံရေးနယ်ပယ်တွင်လည်း နံမည်ရှိသူတဦးဖြစ်ပြီး ပြည်သူ
တွေအားထားရသော ပြည်သူ့ သတင်းထောက်တွေကို မိမိ၏ဂုဏ်သိက္ခာကိုမထောက်  နိုင်ငံတကာမှ
ပြန်လာကြသော နိုင်ငံရေးနံမည်ပျက်များဖြင့် သတင်းထွက်နေသူများဘက်မှ ရပ်တည်၍   ပြည်သူ့ သတင်းထောက်တွေ သတင်းယူရာတွင် ဆဲရေးတိုင်းထွာပြော ဆိုခြင်းသည် ဦးဆောင်လမ်း
ပြဆောင်ရွက်နေသူတဦးက သတင်းများမှန်မှန်ကန်ကန်ဖေါ်ပြနိုင်မှုကို ဟန့် တားခြင်း လုပ်ရပ်ဖြစ်
ပေသည်။