skip to main |
skip to sidebar
စစ်အုပ်ချုပ်ရေးလက်ထက် ပြည်ပနိုင်ငံသို့ထွက်ခွာခဲ့ပြီး
ပြည်ပနိုင်ငံတွင် အခြေစိုက်ကာ နိုင်ငံရေးလှုပ်ရှားမှုများ
ပြုလုပ်လျှက်ရှိသည့် ပြည်သစ်ညွှန့်ဝေသည် ယနေ့ နံနက် ၈နာရီ ၅၀ မိနစ်က
မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာကြောင်းသိရသည်။
နိုင်ငံတော် သမ္မတကြီးဖိတ်ခေါ်မှုအရ လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများ လုပ်ဆောင်သွားရန်ရှိကြောင်း၎င်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
ယခင် စစ်အစိုးရလက်ထက်၌ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်အချို့နှင့် ပတ်သက်ပြီး ၄င်းအား တရားခံအဖြစ် ယခင်စစ်အစိုးရလက်ထက်တာဝန်ရှိသူများက စွပ်စွဲထားခဲ့သလို အဝေးရောက်ပြစ်ဒဏ်များလည်းချမှတ်ထားခဲ့သည်။