Tuesday, September 4, 2012

အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲနှင့် သံတမန်အရာရှိများအား ၈၈မျိုးဆက်ကျောင်းသားများက လက်ခံတွေ့ဆုံ


၎၊၉၊၂၀၁၂ နေ့၊ နံနက် ၉း၃၀ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအချို့သည်၊ ရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်း
သား များ၏ ရုံးသို့ရောက်ရှိလာပြီး ၈၈မျိုးဆက်ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ အမေရိကန်သံအမတ်ကြီးနှင့်အဖွဲ့အား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီးနှင့်ကိုဌေးကြွယ်တို့က လက်ခံတွေ့ဆုံခဲ့ကြသည်။