နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မနေ့ က ကျင်းပခဲ့သော
လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၏ ဆုံးဖြတ်ချက်ကို သိရှိခဲ့ပြီး အခြေခံဥပဒေခုံရုံး အဖွဲ့ ဝင်များ နှုတ်ထွက်သွားကြသည်။
ဤသို့ နှုတ်ထွက်ခြင်းသည် လွှတ်တော်အမတ်အများစု၏ မဲခွဲဆုံးဖြတ်ချက်ကို လေးစားလိုက်နာ
ရာလည်းရောက်သည့်အပြင် ဒီမိုကရေစီနည်းအရလည်း အများ၏ဆန္ဒကို လိုက်နာရာလည်း
ရောက်သည်။
ဒီမိုကရေစီစံနှုန်းများကို အမြှင့်ဆုံးအာဏာရှိသော အခြေခံဥပဒေခုံရုံးမှ မလေးစားမလိုက်နာခဲ့လျှင်
အန္တရာယ်ရှိသောကြောင့် အခုလိုနှုတ်ထွက်ပေးခြင်းဖြင့် စံနမှုနာယူပြီး တခြားအာဏာပိုင် အဖွဲ့ 
အစည်းများအနေဖြင့် အတုယူရမည်။မိမိတို့ အစိုးရအဖွဲ့ သည် အာဏာပိုင်မဟုတ် ဒီမိုကရေစီ
တွင် အာဏာသည် ပြည်သူ့ ထံမှဆင်းသက်ရမည်။
ထိုသို့ လွှတ်တော်အတွင်း ညီညီညွတ်ညွတ်ဖြင့် ဒီမိုကရေစီစံနှုန်းများကို လွှတ်တော်မှ ထိမ်းချုပ်
လမ်းကြောင်းပေးခြင်းဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဖြစ်သော ဥပဒေပြုရေး
အုပ်ချုပ်ရေး တရားရေးတို့ ကို အရှိန်အဟုန်ဖြင့် ပြည်သူ့ လွှတ်တော်ကို အသုံးပြုသင့်သည်။
အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်၎င်းတို့ သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုသည့် အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၂) ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်ကြောင်း MWD ရုပ်မြင်သံကြား၏ ယနေ့ည ၈း၀၀ နာရီ သတင်းတွင် ပြောကြား
သည်။
