စက်တင်ဘာ ၁၊ နယူးယောက်မြို့တော်၊ ၀င်းရွှေဝါခန်းမ၊ ၇၃ လမ်း၊ Woodside , NYC.
ညနေ ၆ နာရီမှ ၉ နာရီအထိ။
စက်တင်ဘာ ၂၊ နယူးယောက်ပြည်နယ်၊ အယ်ဘနီမြို့၊ ဓမ္မ၀ါဒီအောင်မြေမင်္ဂလာကျောင်း၊
ညနေ ၆ နာရီမှ ၉ နာရီအထိ။
စက်တင်ဘာ ၈၊ အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းမြို့၊ ဇေတ၀န်ကျောင်း၊ နေ့ခင်း ၁ နာရီမှ ၃ နာရီ
အထိ။
စက်တင်ဘာ ၉ ၊ အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းမြို့၊ သုခကံသာကျောင်းသစ်တက်ပွဲ၊ နေ့ခင်း
၁ နာရအထိ။
ရွှေည၀ါဆရာတော်နှင့် ဒယ်အိုးဆရာတော်တို့ ၂ပါး၏ တရားပွဲစက်တင်ဘာ ၁၅၊ ၀ါရှင်တန်ဒီစီ၊
မင်္ဂလာရာမကျောင်းတိုက်၊ ညနေ ၅ နာရီ မှ ၈ နာရီ အထိဖြစ်ကြောင်းအသီးသီးထုတ်ပြန်ထား
ပါတယ်။
မြန်မာပြည်က အမေရိကန်ပြည်ထောင်စုကို ဓမ္မခရီးစဉ်အဖြစ်
ကြွရောက်လာတဲ့ ရွှေည၀ါဆရတော် ဦးပညာသီဟရဲ့ အမေရိကန်ပြည်အရှေ့ခြမ်း ပထမဦးဆုံး
တရားပွဲအဖြစ် နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ ယမန်နေ့က
ကျင်းပဖြစ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဓမ္မခရီးစဉ်လှည့်လည်နေတဲ့ ရွှေည၀ါဆရာတော်
ဦးပညာသီဟရဲ့ တရားပွဲတပွဲကို နယူးယောက်ပြည်နယ်၊ ယူတိကာပြည်၊
သန္တိသုခကျောင်းတိုက်မှာ သြဂုတ် ၂၆ ညနေခင်းက အောင်မြင်စွာ
ကျင်းပခဲ့ပါတယ်။ တရားခေါင်းစဉ်ကတော့ “ငါးပါးမမှောက်စေနဲ့” ဖြစ်တယ်လို့
ကျောင်းထိုင်ဆရာတော် ဦးပညာနန္ဒက မိုးမခကို ပြောကြားပါတယ်။

