Monday, August 27, 2012

၈၈မျိုးဆက်ကျောင်းသားများ၏ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ

 ၂၀၁၂-၈-၂၇
၈၈မျိုးဆက်ကျောင်းသားများ (ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ယက်) မှ စုံစမ်းပြုစုသော   ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို ယနေ့ သြဂုတ်လ၊ ၂၇ ရက်၊ မွန်းလွဲ ၃း၀၀နာရီတွင် ရန်ကုန်မြို့ သင်္ဃန်း ကျွန်းမြို့နယ်၊ ၁၆/၃ ရပ်ကွက် ဝေဇယန္တာလမ်း အမှတ် ၂၈၄(က)ရှိ ၈၈မျိုးဆက်ကျောင်းသား 
ပြောကြားပြီး  ကိုကိုကြီးက ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအစီရင်      ခံစာ (စာအုပ်) ထုတ်ဝေဖြစ်ခြင်း အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သွားခဲ့သည်။
ထို့နောက် စောင့်ကြည့် လေ့လာရေးကွန်ယက်တွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် အောင်ကျော်ကျော်၊ မိုးသွေး (GW) ၊ ၀င်းကျော် တို့က ၎င်းတို့ တွေ့ကြုံခဲ့ရသည့် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ၊ ပြုလုပ်
စဉ်နှင့် ပြုလုပ်ပြီး အခြေအနေ များကို ပြန်လည်တင်ပြခဲ့ကြပြီး စောင့်ကြည့် လေ့လာရေးကွန်ယက်
တွင် ပူးပေါင်း ပါဝင်ကူညီခဲ့ကြသူများ အတွက် ကျေးဇူးတင်စကားကို ဌေးကြွယ်မှ ပြောကြားခဲ့သည်။ သတင်းဌာနများ၏များရုံးခန်း၌ ပြုလုပ်ခဲ့သည်။အခမ်းအနားတွင် မင်းကိုနိုင်မှ အဖွင့်အမှာစကား
 အပြန်အလှန် မေးမြန်းချက်များကို မင်းကိုနိုင်၊ ကိုကိုကြီး၊ အောင်ကျော်ကျော်နှင့် ၀င်းကျော်တို့က   ပြန်လည်ဖြေကြားပေးခဲ့ကြပြီး သတင်းစာရှင်းလင်းပွဲကို ညနေ ၄း၄၀ နာရီတွင် ရုတ်သိမ်းခဲ့ကြသည်။