၂၀၁၂-၈-၇
ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ကြားတောရလမ်း၊ကြားတောရပ်ကွက်(ရွှေကျင်ကျောင်းတိုက်
အတွင်း)ဘင်္ဂလား
ကျောင်းတိုက်၊ဦးသာသနကျောင်းတွင် ကျောင်းကိစ္စနှင့်ပတ်သက်ပြီး အမှုဖြစ်ပွားလျက်ရှိရာ
ဒုတ်၊ဓားလက်နက် တွေကိုင်ဆောင်မှုအခြေအနေတွေဖြစ်ပေါ်လာ
တဲ့အတွက်ကြောင့် မြို့နယ်တာဝန်ရှိသူရဲဝန်ထမ်းများက
ကျောင်း တိုက် လုံခြုံရေးကို ယူထားနေရကြောင်းသိရှိရပါသည်။
ယင်းကဲ့သို့ဖြစ်ရခြင်း ဖြစ်ပေါ်လာပုံအကျဉ်းချုပ်ကတော့
ဗဟန်းမြို့နယ်၊ ကြားတော
ရလမ်း၊ ကြားတောရ ရပ်ကွက်၊ဘင်္ဂလာကျောင်းတိုက်ရှိ ဦးသာသနကျောင်း၏ကျောင်းထိုင်ဦး
ဥက္ကံသသည်
ဇာတိထားဝယ်မြို့ကြွသွား စဉ် ကျောင်းဆောင်နီးချင်း ဘင်္ဂလားကျောင်းတိုက် သံတော်ဆင့်ကျောင်းဆရာတော်
ဦးဇဋိလအားဦးသာသန ကျောင်းကို ခေတ္တခဏထိန်းသိမ်း
စောက်ရှောက်ရန် အပ်နှံခဲ့ရာမှ ဦးဇဋိလက
ဦးသာသနကျောင်းကို ဦးဥက္ကံသ ၏ ယုံကြည်မှုကို အလွှဲသုံးစားလုပ်၍ ကျပ်သိန်း (၂၅၀) ဖြင့်ရောင်းချခဲ့သည့်အပြင်
ကျောင်းရှိ ရှေးဟောင်းဘုရား ငါးဆူ၊ ရှေးဟောင်း ဘီရို (၃) လုံးနှင့် ကျန်ဘီရိုများ၊
ကျောင်းအသုံးဆောင်ပစ္စည်းများကို အလွှဲသုံးစားပြုရောင်း ရောင်းချခဲ့သဖြင့် ဦးဥက္ကသသည်မိမိကျောင်းပေါ်သို့ ပြန်လည်တက်
ရောက်နေထိုင်ခွင့် မရှိတော့သောကြောင့် ပြစ်မှုဆိုင် ဥပဒေပုဒ်မ
(၄၀၆) အရ ဦးဇဋိလအား အရေးယူဆောင်ရွက်ပေးပါရန် ဗဟန်းမြို့နယ် တရားရုံးသို့ ဦး တိုက်လျှောက်ထား
တရားစွဲဆို
ခဲ့သည်။
တရားစွဲဆိုသည့်အခါ ဗဟန်းမြို့နယ်၊ တရားရုံး
ပြစ်မှုကြီးအမှတ် (၃၂၁/၀၇)ဖြင့်
တရားခံ ဦးဇဋိလ အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၄၀၆)
အရ အလုပ်နှင့်ထောင်ဒဏ် (၃)
နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ယင်းစီရင်ချက်ကို မကျေနပ်သဖြင့်
ရန်ကုန်အနောက်
ပိုင်းခရိုင် တရားရုံးနှင့် ရန်ကုန်တိုင်းတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာပလပ်ပယ်ချခံရ
သဖြင့်
တရားရုံးချုပ်သို့ ပြင်ဆင်မှုကို ဆက်လက်တင်သွင်းခဲ့သည်။
တရားရုံးချုပ်က ဦးဇဋိလ၏ ပြစ်မှုဆိုင်ပြင်ဆင်မှုကို
တစိတ်တဒေသ ခွင့်ပြု၍
လျှောက်ထားသူ ဦးဇဋိလ အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၄၀၆) အရ ပြစ်မှုထင်ရှားစီရင်
ခဲ့သည့်
မူလဗဟန်းမြို့နယ်၊တရားရုံးအမိန့်နှင့် ယင်း အမိန့်ကို အတည်ပြုခဲ့သည့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊
ရန်ကုန်တိုင်းတရားရုံးတို့၏အမိန့်များကို ဆက်လက်အတည်ပြုသော်လည်း အလုပ်နှင့်ထောင်ဒဏ်
(၃) နှစ် ကျခံစေရန်ချမှတ်သော ပြစ်ဒဏ်သက်မှတ် ချက်ကို ပယ်ဖျက်၍ အလုပ်နှင့်ထောင်ဒဏ်
(၂) နှစ်ကျခံစေရန် ပြင်ဆင်ပြီး အမိန့်ချမှတ်ခဲ့သည်။
ယင်းစီရင်ချက်အရ ဦးဇဋိလသည် အလုပ်နှင့်ထောင်ဒဏ်
(၂) နှစ်ကျခံပြီးနောက်
(၈-၁၀-၂၀၁၀) ရက် နေ့တွင် ထောင်မှလွတ်မြောက်လာခဲ့သည်။ထို့နောက်
ထောင်က
ထွက်လာသော ဦးဇဋိလ (ခေါ်) ဦးစိန်ထွန်း သည် နိုင်ငံတော်သံဃာ့နာယကသို့ သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုရန်
လျှောက်ထားခဲ့ရာ (၄-၅-၂၀၁၁) နေ့တွင် ကျင်းပသော
စတုတ္ထအကြိမ်(စတုတ္ထအစည်းအဝေး)က သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုရန်
ဦးဇဋိလ (ခ)
ဦးစိန်ထွန်း မှ လျှောက်ထားလာခြင်းကိစ္စ တင်ပြခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး
သာသနာရေးမှူးအား နိုင်ငံ တော်သံဃာ့မဟာနာယကအဖွဲ့ဆုံးဖြတ်ချက်နှင့်အညီ ဆောင်
ရွက်ရန် တဆင့်ညွှန်ကြားခဲ့သည်။
ထိုညွှန်ကြား ချက် အရ ရန်ကုန်တိုင်းဒေသကြီး သာသနာ
ရေးမှူးရုံးမျ ဦးစီးမှူးဦးသိန်းဝင်းက
တိုင်းဒေသကြီးသာသနာရေးးမှူး ကိုယ်စား စောဒကပြု
လုပ်၍ ဦးဇဋိလ (ခ) ဦးစိန်ထွန်းအားစုဒိတကအဖြစ်ထားရှိပြီး
ဦးဇဋိလ (ခ) ဦးစိန်ထွန်း၏ သင်္ကန်းပြန်လည်ဝတ်ခွင့် မှုခင်းက စတင်ဖြစ်ပေါ်လာခဲ့သည်။
ယင်းမှုခင်းဖြစ်စဉ်အတွင်း - ဦးဇဋိလ (ခ)
ဦးစိန်ထွန်းသည် ဦးဥက္ကံသမှ ယုံကြည်လို့ အပ်နှံထားထားခဲ့ သော ကျောင်းကို မိမိအပိုင်ဖြင့်
မတရားသိမ်းယူကာ ရောင်းစားကြောင်းထင်ရှားသည်ဖြစ်၍ ဒုတိယပါရာဇိက သိက္ခာပုဒ်အာပတ်
မှ မလွတ်ကင်းဟု
တိုင်းဒေသကြီး သံဃ၀ိနိစ္ဆယအဖွဲ့အမှတ် (၁၇/၂၀၁၂ ) ၀ိနည်းဓိုရ်ဆရာ
တော်များက တညီတညွတ်တည်း
သုံးသပ်တော်မူကြသည်။ ဒုတိယပါရာဇိကသိက္ခာပုဒ်မှ မလွတ်ကင်းသည့် အတွက်ကြောင့် ဦးဇဋိလ (ခ) ဦးစိန်ထွန်းသည် ရဟန်းအဖြစ်ဖြင့် သင်္ကန်းပြန်လည်ဝတ်ခွင့်မရှိ၊ ရှင်သာမဏေ
ကိုရင်ကြီးအဖြစ်သာ သင်္ကန်းပြန်လည်ဝတ်ခွင့်ရှိ၏
၏ဟူ၍ တိုင်းသံဃ၀ိနိစ္ဆယအမှတ် (၁၇/၂၀၁၂)ကတညီတညွတ်
တည်း အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။
(ဓာတ်ပုံ- No- A )
ဆက်စပ်သတင်း----
ဦးဥက္ကံသ၏ (ဦးသာသနအမည်ရှိကျောင်းဆောင်ကို)
ဦးဇဋိလ သက်တော်(၅ရ) နှစ်မှ ဦးဇဋိလ
၏ သူငယ်ချင်း ဖြစ်သူ ဦးကာရုဏိက (ခ) ဦးပညာနန္ဒ ၊
(၁၂/မကတ(သ)၀၀၀၅၇၀) ကို သိန်း
(၂၅၀) ဖြင့် စာချုပ်များကို အတု လုပ်ပြီး ၁၂-၁၂-၂၀၀၆
) နေ့က စတင်ရောင်းချခဲ့ပါသည်။
အမှုစတင်ဖြစ်ပွားခဲ့သောနေ့တွင် ကျောင်းဆောင်ရလိုမှုဖြင့်
သိန်း (၂၅၀)နှင့် ၀ယ်ခဲ့
သော ဦးကာရုဏိက (ခ) ဦးပညာနန္ဒသည် အမှုဖြစ်စဉ်အခင်းတွင်ပါရမည်စိုးသောကြောင့်
၊ အမှုပတ်မည်စိုးသောကြောင့်၊ ထောင်ကျ မှာ ကြောက်သောကြောင့် နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။
ယခုထိလည်း နိုင်ငံခြားတွင် တိမ်းရှောင်နေလျက်ရှိပါ
သည်။
အလွှဲသုံးစားလုပ်ခံလိုက်ရတာနဲ့ပတ်သက်လို့လည်း
ဦးသာသနကျောင်းဆောင်
ဆရာတော် ဦးဥက္ကံသ မှလည်း (၁၉-၃-၂၀၀၇) ရက်နေ့မှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
သို့
တိုင်ကြားခဲ့ပြီး။ (၂၁-၃-၂၀၀၇) ရက်နေ့မှာတော့ ပြည်ထဲရေးဝန်ကြီးကို တိုင်ကြားခဲ့ပါသည်။
( ယနေ့ထိ ဘာမှ မထူးခြားပါ။ ဆိုလိုတာက ဦးသာသနကျောင်းဆောင်
ဆရာတော် ဦးဥက္ကံသ
သည် ကိုယ်ပိုင်ကျောင်း၊ အမွေခံကျောင်းဖြစ်သော်လည်း ယနေ့ထိ လုံလုံခြုံခြုံ မနေရသေးပါ)။
နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်နေသော
ဆရာတော် ဦးကာရုဏိက (ခ) ဦးပညာနန္ဒ
သည် ၀ယ်ထား ခဲ့သောကျောင်းကိုဆက်လက်လိုချင်သေးသည်၊နေထိုင်လိုသေးသည်ကထင်ရှားနေသောကြောင့်
သူ၏ တပည့် ဦးစန္ဒာသီရိကို အဝေးမှ သူလိုချင်သလို ညွှန်ကြားပီး ခိုင်းစေနေတာကလည်း ယနေ့
ထိ
ရှိနေသေးဆဲပါ။ အဆိုပါ ဦးစန္ဒာသီရိသည် လူအင်အားအားကိုးမှု၊မြို့နယ်ရဲစခန်းအားကိုးမှု၊
တိုင်းရဲစခန်း
အားကိုးမှုဖြင့် ဦးသာသနာ့ ကျောင်းဆောင်တွင် လုပ်ချင်သလိုလုပ်၊နေချင်သလိုနေ
နေတာက မင်းမဲ့တိုင်းပြည်အလားဖြစ်နေပါတော့တယ်၊
ဦးစန္ဒာသီရိသည် သာသနာအတွင်း
သင်္ကန်းကို ဦးရေခြုံထားပေမယ့်လည်း မောင်ပိုင်စီးထားသော
ဦးဥက္ကံသ၏ ဦးသာသနကျောင်း
ဆောင်၏ အပေါ်ထပ်၊အောက်ထပ်တိုင်းကို လူပုဂ္ဂိုလ်များ၊ အမျိုးသမီးငယ်များကို
တည်းခိုခွင့် နေထိုင်ခွင့်ပေးပြီး လစဉ်နေထိုင်ကြေးကိုလည်း ကောက်ခံထားပါသည်။ ဦးစန္ဒာသီရိမှလည်း
သူခေါ်ထားသော ကိုရင်ငယ်၊ ရဟန်းငယ်လေးများကို သူပိုင်စီးထားသော ကျောင်းတွင်ပျော်ရင်ပီးရောဆိုပီး
ကျောင်းဆောင်တွင် လာနေထိုင်ကြသော မိန်းကလေးငယ်များနှင့် ညည အတူတူအိပ်တာတွေကို သိသော်လည်း ခွင့်ပြုလျက်ထား ပါသည်။
သို့ပါသောကြောင့် ဦးသာနကျောင်းဆောင်ဆရာတော်ဦးဥက္ကံသသည် မြင်နေရသောမြင်ကွင်၊ ကြုံနေရ
သော ဘ၀ကို ဆက်ပီး မခံစားနိုင်တော့တာနဲ့ နောက်ပါ တပည့် ၁၅-ပါးလောက်နဲ့အတူတူ မိမိ၏ ကျောင်း
ဆောင်ဖြစ်သော ဦးသာသနကျောင်းဆောင်သို့ သွားပီး ကျောင်းထဲတွင်းဖြစ်ချင်တိုင်းဖြစ်နေသောဦးစန္ဒာသီရိနှင့်
အတူ ပိုက်ဆံပေးနေထိုင်ကြသော လူပုဂ္ဂိုလ်၊အမျိုးသမီးများငယ်များကို အားလုံး ချက်ချင်း
ဖယ်ရှားထွက်ခွါ ရန်ကို ဘင်္ဂလားကျောင်း
တိုက်၏ အုပ်ချုပ်ရေးနာယက အမိန့်များနှင့်အတူ ရဲရဲဝံ့ဝံ့
ထုတ်ပြန်လိုက်သောကြောင့် ကျောင်း
ဆောင်ရှိ ကိုရင်ငယ်များ၊ရဟန်းငယ်များ၊လူပုဂ္ဂိုလ်းအမျိုးသမီငယ်များ
ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးရတာကြောင့်အသုံးဆောင်ပစ္စည်းများနှင့် အ၀တ်ထည်များကိုပါတပါတည်း
ယူဆောင်မသွားနိုင်ခဲ့ ကြောင်းကိုလည်း တွေ့ရှိခဲ့ရပါသည်။ ကျောင်းဆောင်၏အောက်ထပ်အတွင်း
မှာ
လည်း ဘုန်းတော်ကြီးကျောင်း နှင့်ပင် မတူတော့ဘဲ အမျိုးသမီးများက သူတို့ဝတ်ရသော ကိုယ်စီအ၀တ်တွေကို
ကျောင်းဆောင်အောက်ထပ်ရှိ နေရာတိုင်းမှာ ဖြန့်ကျဲစွာလှန်းလျက်ထား
သည်ကလည်းတွေ့မြင်ရတဲ့မြင်ကွင်းက ကြည့်မကောင်း မြင်မကောင်း ပါ။ ဤသို့ (၃-၈-၂၀၁၂) နေ့ညတွင် ဦးစန္ဒာသီရိသည် ကလေးဝတောရကျောင်းတိုက်
ဒွိဇာ (ဒွိပိဋကဆရာ
တော် ဦးဇာဂရ မဟန အဖွဲ့ဝင်၊) ကျောင်းသို့ ရှောင်တိမ်းခဲ့ပါသည်။
၅-၈-၂၀၁၂- နေ့မှာတော့ ဦးစန္ဒာသီရိသည်
အမှုခင်းဖြစ်တုန်း အောင်နိုင်မှုရရှိဖို့အတွက် လာဘ်ထိုးထားခဲ့သော ဗဟန်း(၃)လမ်း သုဓမ္မာတိုက်ကျောင်း၊
မြို့နယ်သံဃနာယကဆရာတော် ဦးဝါယမထံ အားကိုးမှုဖြင့်ခိုလှုံလျက်ရှိ ကြောင်းသိရှိရပါသည်။
တဆက်တည်းပင်(၆-၈-၂၀၁၂)နေ
့တွင် သုဓမ္မာတိုက်ကျောင်း၊ မြို့နယ်သံဃနာယက ဆရာတော် ဦးဝါယမ၏
ခွင့်ပြုချက်ဖြင့် ဗဟန်းသုံး
လမ်း ၊တန့်ဆည်ဓမ္မာရုံမှာ ဦးစန္ဒာသီရိသည် ဘင်္ဂလားတိုက်ဦးသာသနကျောင်းကို
ပြန်လည်ရလိုမှုဖြင့် တော်လှန်နိုင်ဖို့အတွက် လူအင်အားစုဆောင်းနေကြောင်းသိရှိပါ သည်။
လက်ရှိအချိန်ထိတော့ စုဆောင်းထားသော လူအင်းအားမှာ အမျိုးသားတွေချည်း (၃၀)
ခန့်လောက်
ရှိသည်ဟု သိရှိရပါသည်။
လွှတ်တော်အတွင်းမှာ သာသနာအရေးကို ဆွေးနွေးတင်ပြဖို့လိုနေပြီလို့
စာရေးသူထင်မြင်ယူဆမိပါ ကြောင်း …………..
တရားစီရင်သော လူ့အဖွဲ့အစည်း၊ သံဃာ့အဖွဲ့အစည်းတွေ
ဘက်မလိုက်တဲ့ ခုံရုံး တကယ်လိုနေပါပြီး ဖြစ်ကြောင်း………………..
ဗုဒ္ဒဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံတွင်
ဒီလိုအမှုမျိုး၊သတင်းမျိုးကို လုံးဝကိုမရေး
ချင်ပါကြောင်း ……………….
သာသနာကြီး အဓွန့်ရှည်ပြီး၊ သာသနာကို တကယ်သန့်ရှင်းလိုတဲ့စေတနာကြောင့်
သာ
ဒီသတင်းကို မှန် မှန်ကန်ကန် ဖော်ထုတ်လိုက်ရပါကြောင်း……………….
အမှုအမှန်ကို
အသေးစိတ်သိရှိလိုပါက အမှုခင်းတည်ရှိရာ ဘင်္ဂလာကျောင်းတိုက်
၀၉-၄၃၁၉၅၃၅၁၊ ၀၉-၇၃၁၄၇၃၂၈ ။
သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း…
…………သိန်း
(၂၅၀) စာချုပ်အတုဖြင့် ၀ယ်ထားသော ဦးကာရုဏိက (ခ) ဦးပညာနန္ဒ
သည် ယခုလက်ရှိတွင် စင်္ကာပူနိုင်ငံ
၊ တိုပါးရိုး မြန်မာကျောင်းတွင် တည်းခိုနေထိုင်
နေကြောင်း သိရှိရပါသည်။