Tuesday, August 28, 2012

ခေါင်းဆောင်ဆိုတာ


၂၀၁၂-၈-၂၇
တစ်နေ့ ဗုဒ္ဓဟာ ရဟန်းတောများ သီတင်းသုံးရာ ကျောင်းများကို လှည့်လည် ကြည့်ရှု့တော်မူ

ပါတယ်။ ထိုအခိုက် ရဟန်းတစ်ပါး ဝမ်းရောဂါဖြစ်လို့ နေရာမှ မထနိုင် ကျင်ကြီး ၊ ကျင်ငယ် အလိမ်လိမ် ပေကျန်လျှက် အိရာပေါ်မှာ လဲလျောင်းနေပါတယ်။

ဗုဒ္ဓဟာ ရှင်အာနန္ဒာကို ချက်ချင်း ရေယူခိုင်းပြီး ကိုယ်တော်တိုင် လူနာရဟန်းရဲ့ ကိုယ်တော်မှ အညစ်အကြေးများကိုဆေးကြောသုတ်သင်ပေးပြီး ရှင်အာနန္ဒာနှင့် အတူပြုစု စောင့်ရှောက်ပါတယ်။

ထိုနောက် ရဟန်းများကို ခေါ်တော်မူကာ..“ ချစ်သားရဟန်းတို့… သင်တို့မှာ ပြုစုမည့် ဆွေမျိုး 
အနီးပါး၌ မရှိကြ အချင်းချင်း မပြုစုကြလျှင် မည်သူ ပြုစုမှာလဲ။

ငါ့ဘုရားအား ပြုစုမည့်အစား မကျန်းမာသူကိုသာ ပြုစုကြပါ။ မကျန်းမသူကို ပြုစုခြင်းဟာ ငါ့ဘုရား         ကိုပြုစုခြင်းနဲ့အတူတူပါပဲ”ဟု မိန့်ကြားတော်မူပါတယ်။