Tuesday, August 28, 2012

ကိုကိုကြီး၏ ပြောချင်လို့ ပြောခဲ့တာတွေ စာအုပ်မိတ်ဆက်


၂၀၁၂-၈-၂၈
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီး၏ ``ပြောချင်လို့ပြောခဲ့တာတွေ´´ အင်တာ           ဗျူများ (၁) စာအုပ်မိတ်ဆက်ပွဲကို သြဂုတ် ၂၈ ရက် မွန်းလွဲ ၁ နာရီက ဗိုလ်အောင်ကျော်လမ်းရှိ         Home Media ခန်းမတွင်ကျင်းပခဲ့သည်။
အခမ်းအနားသို့ပြည်တွင်းပြည်ပစာနယ်ဇင်းသတင်းထောက်များ၊ ၈၈ မျိုးဆက်ကျောင်းသား   ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့သည်။
စာအုပ်မိတ်ဆက်ပွဲတွင် ကိုဇော်သက်ထွးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး စာရေးဆရာ   မောင်ဝံသ၊ မင်းကိုနိုင်၊ ဇာဂနာနှင့် စာရေးသူ ကိုကိုကြီးတို့က မိတ်ဆက်စကားများ ပြောကြားခဲ့       သည်။ အဆိုပါစာအုပ်မှာ သတင်းဂျာနယ်များမှ အယ်ဒီတာများ သတင်းထောက်များနှင့် ကိုကိုကြီးတို့၏ တွေ့ဆုံမေးမြန်းမှုများကို စုစည်းပြီး ဒေါင်းပျိုစာပေမှ ထုတ်ဝေလိုက်ခြင်းဖြစ်သည်၊ တန်ဖိုးကျပ် ၁၅၀၀ ဖြင့်ဖြန့်ချိထားကြောင်းသိရသည်။