Friday, August 10, 2012

"၈၈မျိုးဆက်ကျောင်းသားများ မုံရွာမြို့သို့ ရောက်ရှိလျင် ရောက်ရှိချင်း မြို့ခံပြည်သူများကို မိတ်ဆက်စကားပြောကြားခဲ့ကြ"


ယမန်နေ့ (သြဂုတ်လ၊ ၉) ရက်၊ မွန်းလွဲ ၂း၀၀ နာရီက မြစ်သားမြို့မှ ထွက်ခွာ လာခဲ့ကြသော မင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများသည် ယနေ့ ည ၁၁း၃၀ တွင် မုံရွာမြို့သို့ ချောမောစွာရောက်ရှိခဲ့ကြသည်။ ထိုသို့ ရောက်ရှိလျှင် ရောက်ရှိချင်း လမ်းတစ်

လျောက် ၀ိုင်းဝန်းကြိုဆိုကြသော မြို့ခံပြည်သူများကို မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ ရာပြည့်ခန်းမ
တွင် မင်းကိုနိုင်က မိတ်ဆက်စကားပြောကြားခဲ့ကြသည်။