2012-7-25
အငြိမ်းစားဗိုလ်မှူး ဦးမောင်မောင်သည် ကိုရီးယားနိုင်ငံတွင် သူ့၏ညီဖြစ်သူသည် ကိုရီးယား
သူဌေးသမီးနှင့်အိမ်ထောင်ကျသဖြင့် ယောက္ခမများဆုံးသွားပြီးနောက် လုပ်ငန်းများကိုသူ၏ညီဖြစ်
သူကပိုင်ဆိုင်ကြောင်း၊ဦးစီးပြီးလုပ်နေကြောင်း၊ ထိုနိုင်ငံတွင် အခြားလုပ်လိုသော လုပ်ငန်းများကို
လုပ်ချင်ပါကလည်း သူ၏ညီမှ ရှာဖွေပေးမှာ ဖြစ်ပြီး အလုပ်ရှင်သူဌေးမှ တိုက်ရိုက်ခေါ်မှာဖြစ်၍
စာမေးပွဲဖြေရန်ပင်မလိုဘဲ ရန်ကုန်မှ ကိုရီးယားသို့ လွယ်ကူစွာထွက်ရှိနိုင်အောင် ပို့ပေးနိုင်ကြောင်း၊

သူ့အနေနဲ့ ဒီမြန်မာနိုင်ငံမှ အလုပ်လိုသောလူများကိုရှာဖွေပေးရန်ဖြစ်ပြီး၊
သူ့ကိုယ်သူ အငြိမ်းစားဗိုလ်မှူးဖြစ်ကြောင်း၊ သူ့မိန်းမဆိုရင် အင်းစိန် CIA မှ သုံးပွင့်နှင့် သူ့ထက်ပင်
ရာထူးကြီး ကြောင်း အာဏာ၊ ပါဝါများဖြင့် ပြောဆိုနှုတ်ဆက်ပြီး သွားလိုသော လူငယ်ငယ်များကို
မြန်မာနိုင်ငံမှာဆေးစစ်ပြီး အောင်ပါက သုံးလအတွင်း ထွက်ရမည်ဖြစ်ကြောင်းစည်းရုံ၍ တစ်ဦးလျင်
ငွေ သိန်းငါးဆယ်ကို အကြောင်းအမျိုးမျိုးပြကာ တစ်သိန်းတစ်မျိုး ၊ သုံးသိန်းတစ်မျိုး၊ ငါးသိန်းတစ်
မျိုးဖြင့် ငွေသွင်းခိုင်းလေ့ရှိကြောင်း အလိမ်ခံရသူ ၃၀၀ထဲမှာပါဝင်သောကိုဌေးဝင်းမောင်တို့အပါ
ဝင် ၂၉ -ဦးမှ ပြောကြားခဲ့ပါသည်။
သူတို့အနေနဲ့လည်း ၁၃ သိန်းတစ်ယောက်၊ ၁၆ သိန်းတစ်ယောက်၊ အားလုံး ဆယ်သိန်းဝန်ကျင်တွေ

ချည်းပဲအလိမ်ခံထားရကြောင်း၊ လိမ်မှန်းရိပ်မိလို့ ပြန်တောင်းပြန်တော့လည်း အကြောင်းအမျိုးမျိုးပြကာ
ရှောင် တိန်းနေကြောင်း သိရှိရပါသည်။ ယင်းဖြစ်စဉ်နဲ့ပတ်သက်လို့ ၂၅- ၇-၂၀၁၂ နေ့မှာ
အလိမ်ခံထားရသူများကို စာရင်းကောက်ပြီး လက်မှတ်များရေးထိုးကာ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ရုံးနှင့်၈၈ -မျိုးဆက် ပွင့်လင်း လူ့အဖွဲ့ အစည်းသို့ တိုင်ကြားစာ များကို ပို့သွားမည်ဖြစ်
ကြောင်း သိရှိရပါသည်။

အလိမ်ခံထားရသူ ဦးရေ ၃၀၀ အား တစ်ဦးကို ၁၀ သိန်းနဲ့ တွက်ရင်ကို သိန်းသုံးထောင်လောက် လိမ်
ယူထားပြီဆိုတာကို တွက်ဆမိပါသည်။ ထို့ကြောင့် ကိုရီးယားသို့ပို့ပေးမည်ဟု ငွေများကို အမျိုးလိမ်လည်
ယူထားသော အငြိမ်းစား ဗိုလ်မှူး ဦးမောင်မောင်နှင့် သူ၏ဇနီး အင်းစိန် CIA သုံးပွင့် ဒေါ်တင်
မေဇူး (ခ) နီနီသွင် တို့သည် ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ်၊ (၃၆)လမ်း အလယ်။
ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၊ တိုက်အမှတ် (၁၇၇) ဒုတိယအထပ်မှ ပြောင်းရွေ့ဖို့ ပြင်ဆင်
နေကြောင်း ကိုလည်း သိရှိရပါသည်။