၂၀၁၂-၇-၂၆
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မကျည်းကန်အုပ်စု၊ ညောင်ကုန်းကျေးရွာတွင်
"လ၀န်းရောင်"စာကြည့်တိုက်ကို ( ဂ.၁၁.၂၀၀၉) ခုနေ့မှ စတင်ဆောက်လုပ်ပြီး၍ စာပေ၀ါသနာရှင်
များ၊ကလေးသူငယ်များ၊ ဖက်ရှုလေ့လာမှတ်သားနိုင်ရန်ဖွင့်လှစ်ခဲ့ပါသည်။

ယင်းစာကြည့်တိုက်သည် ၁၅ ပေ x ၃၀ ပေရှိပါသည်။ ထိုစာကြည့်တိုက်သည် မကျည်းကန်အုပ်စုရှိ
ကျေးရွာပေါင်း ၉-ရွာထဲတွင်တစ်ခုတည်းသောစာကြည့်တိုက်ဖြစ်ကြောင်းအုပ်စုကြီးဖြစ်သော မကျည်းကန်အုပ်စု၊ မကျည်းကန်ကျေးရွာမှာပင် ယင်းကဲ့သို့ စာကြည့်တိုက်မရှိကြောင်း လ၀န်းရောင် စာကြည့်တိုက်၏တာဝန်ခံ ကော်မတီဥက္ကဋ္ဌ ဦးရွှေရန်မှ ပြောကြားခဲ့သည်။
ထိုကဲ့သို့သော အုပ်စုကြီးထဲမှာ တစ်ခုတည်းရှိတဲ့စာကြည့်တိုက်ကို ညောင်ကုန်းကျေးရွာ ရာအိမ်မှူး
ဦးမြခိုင်က ကျေးရွာ၏လိုအပ်နေသောနေရာမှာ အသုံးပြုနိုင်ဖို့အတွက် ရွာတွင်းရှိ စာကြည့်တိုက်ကို
ဖျက်ပြီး မြေနေရာအား ရောင်းချမယ်၊ ၄င်းစာကြည့်တိုက်ကို စာသင်ကျောင်အတွင်း ရွှေ့မယ်၊ ထို့ကြောင့်
စာကြည့်တိုက် ကော်မတီများအားလုံး မကျေနပ်ပါကလည်း တိုင်ချင်တဲ့နေရာကို တိုင်ကြားနိုင်ကြောင်း
(၂၅.၄.၂၀၁၂) နေ့ ကျေးရွာအစည်းအဝေးတွင် ကြိမ်းဝါးပြီး အမိန့်ထုတ်ခဲ့သည်ဟု လ၀န်းရောင်စာကြည့်
တိုက်၏တာဝန်ခံ ကော်မတီ ဥက္ကဋ္ဌ ဦးရွှေရန်မှ ပြောကြားပါသည်။ ပြောခဲ့သည့်အတိုင်းလည်း ယနေ့ထိ
စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခြင်း၊ မရှိသေးပါ။

မြို့နယ်၊ခရိုင်တို့သို့ အဆင့်ဆင့်တိုင်ကြားခဲ့သော်လည်း ထိရောက်စွာအရေးယူပေးခြင်းမရှိခဲ့ပါ။ကလေးငယ်
များနှင့် စာပေ၀ါသနာရှင်များက စာကြည့်တိုက်ရှိ စာပေများကို ဖတ်ချင်တဲ့ဆန္ဒကိုလည်း (၂၅၊၇၊ ၂၀၁၂ )
နေ့ထိ ဖြေဆည်းမပေးနိုင်သေးလို့ စာကြည့်တိုက်ကော်မတီများကလည်း စိတ်မကောင်းဖြစ်မိကြောင်း၊
ဝမ်းနည်းရပါကြောင်း ပြောဆိုကြပါသည်။

သို့ပါသောကြောင့် မြို့နယ်၊ခရိုင်တို့မှ ရှိကြသော လူကြီးမင်းများနှင့် တိုင်း၊ပြည်နယ်၊နေပြည်တော်မှ
တာဝန်ရှိလူကြီးမင်းများက မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မကျည်းကန်အုပ်စု၊
ညောင်ကုန်း ကျေးရွာတွင်"လ၀န်းရောင်" စာကြည့်တိုက်ကို စာဖတ်ဖို့အတွက် စောင့်မျှော်နေကြသော
စာပေများငတ်နေ သော ကျေးရွာစာပေ၀ါသနာရှင်များ၊ ကလေးလူငယ်များကိုငဲ့ညှာပြီး၊ ကျေးရွာတွင်
ရမ်းချင်တိုင်းရမ်းနေသောရွာသားများ၏ အလင်းရောင်နှင့်ဗဟုသုတမျက်လုံးများကိုလိုက်ပိတ်နေသော
ရာအိမ်မှူးဦးမြခိုင်အား အရေးယူမှု တစုံတရာပြုလုပ်ပေးပါရန်ဒေသခံကျေးရွာသားများမှဆန္ဒရှိကြောင်း
နှင့် လက်ရှိပိတ်ထားသောစာကြည့်တိုက်ကို လည်း အမြန်ပြန်၍ဖွင့်လှစ်ပေးပါရန်ဆိုတဲ့အကြောင်း
သိရှိရပါသည်။