Friday, July 27, 2012

ကမ္ဘာအေးဂမုန်းပွင့်ကုန်တိုက်တွင် အသေးစားမီးလောင်ကျွမ်းမှုကြောင့် မန်နေဂျာ ဦးမြတ်ထွေးအား အမှုဖွင့်ထား

ဇူလိုင်၂၆နေ့ မွန်းလွဲပိုင်း ၁း၃၂ က ရန်ကုန်မြို့၊ ကမ္ဘာအေးလမ်းပေါ်ရှိ ကမ္ဘာအေးဂမုန်းပွင့်ကုန်တိုက်
တွင် အသေးစားမီးလောင်ကျွမ်းမှုကြောင့် ကျပ်တစ်သောင်းခွဲခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာန
က သတင်းထုတ်ပြန်သည်။
LED မီးသွယ်တန်းထားသော ၀ါယာကြိုးများ အပူလွန်ကဲရာမှ မွန်းလွဲ ၁နာရီ ၃၂ မိနစ်တွင် စတင်လောင်ကျွမ်းသောမီးကို ၁နာရီ ၄၅မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရသည်။
ထိုမီးလောင်ကျွမ်းမှုကြောင့် ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက် ဒုမန်နေဂျာ ဦးမြတ်ထွေးအား 
(ပ)၄၃၇\၂၀၁၂ ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ 7day news