2012-7-27
ကာတွန်းကွန်ရက် (မြန်မာနိုင်ငံ) ကာတွန်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ရက်နေ့ နံနက် ၁၁း၀၀
နာရီအချိန်က အစီအစဉ် (၉)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားကို စီစဉ်သူကတော့
ဦးမြင့်ဝင်မောင်ဖြစ်ပြီး ထိုပြပွဲတွင် ပြသထားသော ကာတွန်းကားများထဲမှ ကာတွန့်ကား တစ်ကားကို
အနည်းဆုံး မြန်မာကျပ်ငွေ ၂၅၀၀၀ (နှစ်သောင်းငါးထောင်) ကနေ အများဆုံး မြန်မာကျပ်ငွေ ၃၀၀၀၀၀
(သုံးသိန်း)အထိ ဈေးနှုန်းသက်မှတ်ရောင်းချခဲ့တာဖြစ်ပြီး ရောင်းချလို့ရတဲ့ ကျပ်ငွေအားလုံးကို မြန်မာ့ဒီမို
ကရေစီ ခေါင်းဆောင်ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့
နှစ်တစ်ရာပြည့်မှာတည်ထောင် ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာ ဖြစ်တယ်ဆိုတဲ့
အကြောင်းသိရှိရပါတယ်။ မီဒီယာများကို ပွင့်လင်းစွာ လွတ်လပ်စွာ လေ့လာခွင့် ပြောဆိုခွင့်ပေးထား
သည်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အတန်တန်ပြောဆိုနေပေမယ့်လည်း ဒီနေ့ပြ ပွဲမှာ
တော့ ကာတွန်းဆရာများဖြစ်ကြတဲ့ ဦးရွှေဘိုနဲ့ ဦးအာယုတို့ ရေးဆွဲထားတဲ့ ကာတွန်းကား
၂ ကားကို စာပေစီစစ်ရေးမှ ပြပွဲမတိုင်မှီကတည်းက လာရောက်စစ်ဆေးပြီး ဖြုတ်သိမ်း
သွားခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
အဆိုပါအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး
ဦးဝင်းတင်၊ အယ်ဒီတာနှင့်ဒါရိုက်တာ ဆရာဦးမိုးသူ ၊ ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့ ဇနီး
ဒေါ်ခင်လေးနွယ်၊ကာတွန်းဆရာ ဦးချစ်ဆွေ၊လှိုင်းနီ၊ မောင်မောင်၊ဦးရွှေမင်းသားအပါအ၀င်
(၄၉)ဦးနှင့် စာနယ်ဇင်း မီဒီယာများ ၊ ပရိတ်သတ်များ ၁၀၀ကျော်လောက်တက် ရောက်ခဲ့ကြသည်။
ကာတွန်းကွန်ရက် (မြန်မာနိုင်ငံ) ကာတွန်းပြပွဲကို ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ
နေ့စဉ် နံနက်(၉) နာရီမှ ညနေ(၅)နာရီအထိ ကာတွန်းကွန်ယက် (မြန်မာနိုင်ငံ)၏
ကာတွန်းဆရာ (၆၀) ကျော်တို့၏ လက်ရာ (၁၆၆)ကားကို ပြသသွားမည်ဟု သိရပါသည်။