Monday, July 9, 2012

ငြိမ်းချမ်းစွာ တန်းစီလှည့်လည်ခွင့် ဥပဒေများထွက်ပေါ်

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ နည်းဥပဒေများပြဌာန်း

ပြည်ထဲရေးဝန်ကြီးဌာနသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် ၃၆၄/ ၂၀၁၂ ၊... ဇူလိုင်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဥပဒေပုဒ်မ ၂၄ ၊ပုဒ်မခွဲ(က)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အဆိုပါ နည်းဥပဒေများကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ နည်းဥပဒေများတွင် အခန်း ၄ ခန်း ဖော်ပြပါရှိပြီး အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်။ခွင့်ပြုမိန့်  လျှာက်ထားခြင်း။ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ငြင်းပယ်ခြင်းနှင့် အယူခံဝင်ခြင်း နှင့် အထွေထွေ အခန်း တို့ဖြစ်ကြောင်းသိရသည်

အဆိုပါအခန်းများတွင်ဖော်ပြပါရှိချက်များအရ ငြိမ်းချမ်းစွာစုဝေးခွင့်ကိုဖြစ်စေ၊စီတန်းလှည့်လှည်ခွင့် ကိုဖြစ်စေ၊ရရှိလိုသူသည် သက်ဆိုင်ရာပုံစံဖြင့် ဆောင်ရွက်လိုသည့်နေ့ရက်မတိုင်မီ ၅ ရက်ကြိုတင်၍ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံလျှောက်ထားရမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုထက်ကျော်လွန်ဆောင်ရွက်လိုပါက ဆောင်ရွက်လိုသော မြို့နယ်အားလုံး၏သက်ဆိုင်ရာမြို့နယ်ရဲမှူးများထံလျှောက်      ထားရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ တင်ပြချက်များကို သက်ဆိုင်ရာမြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး၊ပြည်နယ်ရဲတပ်ဖွဲ့မှူးများသို့ အဆင့်ဆင့်တင်ပြပြီး နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးသို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသော ဥပဒေများနှင့်မဆန့်ကျင်လျှင်     ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြုရ ဟု ဖော်ပြထားကြောင်းသိရသည်။

အဆိုပါ နည်းဥပဒေများကို ကျင်းပလျှက်ရှိသော လွှတ်တော်သို့တက်ရောက်လျှက်ရှိသည့် ကိုယ်စားလှယ်များကိုပေးဝေထားပြီးဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
BY/Popular Myanmar News Journal