၂၀၁၂-၇-၈
ဒု သမ္မတ အဖြစ်ရွေးချယ်ရန် နံမည်ထွက်နေသော အတွင်းရေးမှူး ဦးဌေးဦးသည် ဒီပဲယင်း နိုင်ငံတော်
လုပ်ကြံမှူကြီးတွင် အဓိကတရခံတဦးအဖြစ်ထင်ရှားပြီး လူ့ အခွင့်အရေးချိုးဖေါက်မှုကို နိုင်ငံသားများ
ကန့် ကွက်ခဲ့ကြပြီး နိုင်ငံတကာတွင်လည်း သိရှိထားသူတဦးဖြစ်သည်။ ဒု သမ္မတ နေရာတွင် သမ္မတ
ဦးသိန်းစိန် ပြောသည့်အတိုင်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စိတ်ရော
ကိုယ်ပါ ဆောင်ရွက်နိုင်မည်သူ ရိုးသားမှုရှိသူ နံမည်ပျက်မရှိသူမှသာ ပြည်သူကလက်ခံနိုင်မည်ဖြစ်ပြီး
တိုင်းပြည်အတွက် အကျိုးရှိမည်ဖြစ်သည်။
ဒီပဲရင်းတွင် ပြည်သူများ ၁၀၀ကျော်သေဆုံခဲ့ရပြီး ယနေ့ အချိန်အထိ တရားခံများကို ဖေါ်ထုတ်ပေးခြင်း
စုံစမ်းစစ်ဆေးခြင်း ဥပဒေကြောင်းအရ တရားဆွဲဆိုခွင့်များလည်းမရရှိခဲ့ပေ။မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုး
ရေးအတွက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေချိန်တွင် ဥပဒေချိုးဖေါက်ခဲ့သူမှ ဒုသမ္မတ
ရာထူးကို နေရာယူခဲ့လျှင် အနာဂတ်မြန်မာနိုင်ငံအတွက် ဂုဏ်သိက္ခာကိုထိခိုက်စေပြီး နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများမှ လက်ခံလိမ့်မည်မဟုတ်ပေ ဥပဒေစိုးမိုးလာလျှင် ပြည်သူများ၏ အသက်ပေး၍နှစ် နာဆုံးရှံးမှုများကို နိုင်ငံတော်မှ ပြန်လည်ဖြေရှင်းပေးပြီး တာဝန်ယူရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းများသည် ဖျောက်ဖျက်၍ မရနိုင်သကဲ့သို့  ပြည်သူများအနေဖြင့်လည်း မေ့
လျော့သွားမည်မဟုတ်ကြောင်း 7 July အနှစ်(၅၀)ပြည့် အခမ်းအနားများမှ သက်သေထူလျှက်ရှိသည်။