၂၁-၆-၂၀၁၂ နေ့ နံနက်ပိုင်းဒဂုံမြို့၊မြို့မကျောင်းလမ်းနှင့်ပြည်ထောင်စုရိပ်သာလမ်း
ထောင့်ရှိ လျှောက်ထားဆဲသာသနာ့
နယ်မြေပေါ်တွင် ဆိုင်အဖြစ်ဖွင့်ထားသော ဦးမြင့်ဆွေ(ဆေးကုန်စုံ
ဆိုင်)၊မကေသီတာ (စိန်ပန်းခိုင် ထမင်းဆိုင်) ၊ဒေါ်အေးမြင့်(ကွေ့တယိုဆိုင်)တို့ကိုမြို့တော်စည်ပင်သာယာရေး
ကော်မတီ၊ဒဂုံမြို့နယ် ကြီးကြပ်ရေးမှူး မိုးမင်းဝင်းဆိုသူမှ ဆိုင်ပိုင်ရှင်များကို တရားဝင်ဖြစ်အောင်
လုပ်ပေးမယ်ဆိုကာ တရားမ၀င်ငွေများ ကိုစည်းရုံးပြီး ဆိုင်ပိုင်ရှင်များထံမှ လစဉ်ကြေးကောက်ခံကြောင်း
သိရှိရပါသည်။
လစဉ်ကြေးကိုလည်း နေရာအမျိုးမျိုးမှာ ချိန်းပြီး တပည့်ကောက်လိုက် ဆရာကောက်လိုက်နှင့်ဆိုင်ပိုင်ရှင် များကလည်း နေရာပိုင်ဆိုင်လိုမှုနှင့် သူတောင်းဆိုသည့်ငွေများကို လစဉ်ပေးသွင်းရ
ကြောင်း သိရှိရ ပါသည်။ မကေသီတာ (စိန်ပန်းခိုင်ထမင်းဆိုင်)ဆိုလျှင် အခု (၁၀)လ အတွင်းမှာပင်
စည်ပင်သာယာ ရေးကော်မတီ၊ဒဂုံမြို့နယ် မိုးမင်းဝင်းက တောင်းလို့ပေးသွင်းရတာ ၁၂-သိန်းဝန်ကျင်ရှိနေပြီဖြစ်ကြောင်း လည်း သိရှိရပါသည်။ ထို့နည်းအတူ ဦးမြင့်ဆွေ(ဆေးဆိုင်) ကိုအေးမြင့်(ကွေ့တယိုဆိုင်)တို့ကလည်း မိုးမင်းဝင်းဆိုသူကိုလစဉ်ကြေး
ငါးသောင်းစီပေးသွင်းခဲ့ရ ကြောင်းလည်းသိရှိရပါသည်။
ယင်းမိုးမင်းဝင်းဆိုသူသည်သာသနာ့ နယ်မြေဖြစ်အောင်လျှောက်ထား
ဆဲဖြစ်သောဘုန်းတော်ကြီး များကိုသူလုပ်ချင်သလို လုပ်ခွင့်ရအောင်မရိုးမသားစိတ်နဲ့ ဘုန်းကြီးများကို
ပေါင်းသင်းခဲ့တာရှိကြောင်း လည်း ကြားသိရပါသည်။ ယင်းမိုးမင်းဝင်းကို ဘုန်းတော်ကြီးများနှင့်
ဆိုင်ပိုင်ရှင်များက စေတနာထား မေတ္တာထားပြီး ပေါင်းသင်းဆက်ဆံခဲ့သော်လည်းဥပမာ= မြေပိုင်ဖြစ်သောကာကွယ်ရေးဝန်ကြီးဌာန က
ဘုန်းတော်ကြီးများနှင့်ဆိုင်ပိုင်ရှင်များကို ဆိုင်ဖွင့် ထားတဲ့အတွက် ဆိုင်ဖွင့်ကြေး၊မြေခွန်ကြေးဆိုပြီး
မည်သို့သောသူတွေက လာရောက်တောင်းခံခဲ့တာ ရှိဘူးလည်းလို့ မေးခဲ့တဲ့အချိန်တိုင်းလည်း ဆိုင်ပိုင်ရှင်နှင့်
ဘုန်းတော်ကြီးများက (မိုးမင်းဝင်းဆိုသူက အထက်က လူကြီးတွေ ငွေကောက်ခံတာ နဲ့ပတ်သက်လို့
လာရောက်စုံစမ်းတာရှိရင် သူတောင်းခံနေ ကြောင်းရှိခဲ့တာကို ထုတ်မပြောဖို့ မေတ္တာရပ်ခံထားတာကြောင့်)
မိုးမင်းဝင်းဆိုသူ ဒုက္ခရောက်မှာကို သနားငဲ့ညှာက အဖြစ်မှန်ကို မပြောခဲ့ကြောင်းလည်း သိရှိရပါသည်။
အခုတော့ ၁၉၅၅ အိမ်ဥပစာနှင်ထုတ်ခွင့်အရဆိုကာ အာဏာပိုင်စနစ်နဲ့ အင်အားသုံးပြီး
သူကိုယ်တိုင်တရားဝင်အောင်လုပ်ပေးပါမယ်ပြောပြီးတရာမ၀င်လစဉ်တောင်းခံခဲ့သော မိုးမင်းဝင်းဆိုသူ
ကိုယ်တိုင်က ဆိုင်ရှင်သုံးယောက်၏ ဆိုင်သုံးဆိုင်လုံးကို သူ၏တမိန့်တသံအာဏာရှင်စနစ်နဲ့ အခုမှ အထက်က ဖျက်ဆီးခိုင်းလို့ဆိုပြီး (ဖျက်ရမယ်ဆိုရင်တောင်
ဆိုင်ပိုင်ရှင်များ စိတ်တိုင်းကျ ဆိုင်ဖျက်ဖို့ အချိန်နှင့်အခွင့်အရေးမပေးဘဲ) ချက်ချင်းလက်ငင်းဝုန်းဒိုင်းဆိုပြီး
စည်ပင်သာယာများအဖွဲ့မှ အင်အား သုံးကာ နေ့ချင်းပြီး ဆိုင်သုံးဆိုင်ကို အဖျက်ဆီးခံခဲ့ရကြောင်းသိရှိရပါသည်။
ဒီအကြောင်းနှင့်ပတ်သက်လို့ မီဒီယာများက မိုးမင်းဝင်းဆိုသူကို စုံစမ်းမေးမြန်းခဲ့သော်လည်း
ဆိုင်ပိုင်ရှင်များထံမှ သူတို့မြို့နယ်စည်ပင်သာယာရေးကော်မတီက ထိုဆိုင်များကို နဂိုကတည်းက
ကာကွယ်ရေးဝန်ကြီးဌနမှ ဆိုင်ဖွင့်ခွင့်မပေးခဲသောကြောင့်၎င်း၊ သူတို့စည်ပင်ကလည်း လိုင်စင်ထုတ်
ပေးထားတာမရှိသောကြောင့်၎င်းဆိုပြီးငွေးကြေးတစုံတရာကောက်ခံခဲ့ခြင်းမရှိခဲ့ပါဟုမီဒီယာများကို ထိုသို့
ပြောခဲ့ကြောင်းသိရှိရပါသည်။ တပ်မြေပေါ် ဆိုင်များဖွင့်ထားတာခြင်းအတူတူ အဖျက်ဆီးမခံ ရသေး
သော ORIENTAL HOUSE နှင့် J DONUT စသောဆိုင်များကတော့
ကာကွယ်ရေး ၀န်ကြီးဌာနမှာဆိုင် ဖွင့်ခွင့်တောင်းထားပြီး၊ စည်ပင်သာယာရေးက ဆိုင်ဖွင့်ခွင့်လိုင်စင်ကိုထုတ်ပေး တာရှိနေသောကြောင့်
သူတို့အနေနဲ့ အထက်ပါဆိုင်သုံးဆိုင်ကိုဖျက်ဆီးသလို မဖျက်ဆီးတာဖြစ်ကြောင်း မိုးမင်းဝင်းဆိုသူက
မီဒီယာများကို ဖြေသွားကြောင်းလည်းသိရှိရပါသည်။
မီဒီယာများက အဖျက်ဆီးခံခဲ့ ရသော ဆိုင်ပိုင်ရှင်
များ ပြန်လည်ရောင်းချခွင့်ရအောင် ဘယ်လိုလုပ်ပေး ရင်ရနိုင် ပါသလဲလို့ မေးမြန်းခဲ့ တဲ့အခါမှာလည်း
မိုး မင်းဝင်းဆိုသူက သူ့အနေနဲ့ ပြောပြခွင့်မရှိကြောင်း ဖြေဆိုပြီး မြို့တော်စည်ပင် သာယာရေးဆိုတာစစ် ထောက်ရုံးချုပ်အောက်ကဖြစ်တယ်၊စစ်ထောက် ရုံးချုပ် ဆိုတာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၏ လက်အောက်ခံဖြစ်တယ်လို့ဖြေသွား ကြောင်းသိရှိရပါသည်။
မှတ်ချက်= ၂၁-၆-၂၀၁၂ နေ့
အဖျက်ဆီးခံခဲ့ရသော ဒေါ်ကေသီတာ (စိန်ပန်းခိုင်ထမင်းဆိုင်)၏ လက်ရှိကာလတန်ဖိုးမှာသိန်းတရာကျော်ရှိဟုဆိုင်ပိုင်ရှင်မှပြောဆိုသလို
ဒေါ်အေးမြင့် (ကွေ့တယိုဆိုင်) ကလည်း လက်ရှိတန်းဖိုးမှာ သိန်းတရာကျော်ခန့်ရှိသည်ဟု ဆိုင်ပိုင်ရှင်၏သမီးမှ
ပြောဆိုကြောင်း သိရှိရပါသည်။ လက်ရှိ ဒေါ်အေးမြင့် (ကွေ့တယိုဆိုင်) မှာ ဆိုင်ဖျက်တဲ့ကိစ္စကြောင့်
စည်ပင်သာယာက ၀တ္တရားနှောက်ယှက်မှုနဲ့ဆိုပြီးတိုင်တန်းတာခံရလို့ မြို့နယ်ရဲစခန်းအတွင်းမှာ
အဖမ်းဆီးခံထား
ရကြောင်း သမီးဖြစ်သူမှ ပြောကြားကြောင်း သတင်းရရှိပါသည်။