လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြသော ကမ္ဘာတလွှားရှိ မြန်မာနိုင်ငံသား
များအား လေးစားအပ်ပါသည်။အမေစုဟုထင်ရှားသည့် (လူထုခေါင်းဆောင်)သည် လူမျိုးမရွေး ဘာသာ မရွေး ချစ်ခင်မှုကိုခံရကာ အားပေးထောက်ခံမှုအပြည့်အ၀ရရှိထားပြီး ကမ္ဘာ့နိုင်ငံအသီးသီးကပါ လေးစား ဂုဏ်ပြုခြင်းကိုခံရသည်။ ၂၄ နှစ်တာအတွင်း နိုင်ငံခြားထွက်ခွာခွင့်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်
သည် ပထမဆုံးထွက်ခဲ့သည့် နိုင်ငံသည် ထိုင်းနိုင်ငံဖြစ်ပြီး မြန်မာနယ်စပ်တွင် ဒုက္ခသည်များကို ဦးစွာ
သွားရောက်တွေ့ ဆုံ၍ မြန်မာနိုင်ငံသားတို့ ၏ ဒုက္ခအရေးကို ထိုင်းအစိုးရနှင့် ဆွေးနွေးခဲ့သည်။ အနောက်နိုင်ငံအစိုးရများမှ အကြိမ်ကြိမ်ဖိတ်ဖေါ်နေသော်လည်း နိုင်ငံသားတို့ ၏ အရေး ရင်မအေးရ သောကြောင့် အသက်အန္တရယ်ခြားမှ ဒုက္ခသည်များကို သွားရောက်တွေ့ ဆုံခဲ့ကာ မိဘတို့ ၏မေတ္တာ သည်ကြီးမားလှပေသည်။


