Sunday, June 3, 2012

ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၃) “ COSTEC “ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ

၂၀၁၂-၆-၃
ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၃) “ COSTEC “ အထည်ချုပ်စက်ရုံကအလုပ်သမားတွေ ဖြစ်ပါတယ်။
အခြေခံလစာ ၃၀၀၀၀ တိုးမြှင့်ပေးဖို့ အလုပ်သမားပေါင်း ၁၇၅၀ ကျော်ဟာ နေပူပူ၊ မိုးရွာရွာ ငြိမ်းချမ်းစွာ    ဆန္ဒပြနေကြတာပါ။တာလာဘတ်တွေကို အမိုးအကာလုပ်ပြီး အခုလို တောင်းဆိုနေတာ ၅ ရက်ပြည့် သွားပြီဖြစ်ပါတယ်။
“ COSTEC “ အထည်ချုပ်ဟာ ဘဲမွှေးဂျပ်ကင်တွေ ၊ ဘဲမွှေးအနွေးထည် ၀တ်စုံတွေကိုချုပ်ပြီး ကိုရီးယား        ကို  ပို့ပေးနေတဲ့ ကိုးရီယားစက်ရုံတခုဖြစ်ပါတယ်။အလုပ်သမားတယောက်ဟာ တရက်ခွင့်ပျက်ရင် တနေ့    ကို ၈၀၀၀ ဖြတ်ပြီး ၊ခွင့်တိုင်ရင်တော့ ၄၀၀၀ ဖြတ်ခံရတယ်လို့ဆိုပါတယ်။

မွေးမြူရေးခြံထဲက ဘဲမွှေးတွေ အပါအ၀င် ၊ တွေ့ကရာ ဘဲမွှေးတွေကို စက်ရုံကားကြီးနဲ့ သယ်လာပြီး     သန့်ရှင်းအောင် ဆေးကြောခြင်းလဲ မရှိဘဲဒီအတိုင်း နံနံစော်စော်နဲ့ ပိတ်စတွေထည့် သွပ်သိပ်ထည့်ပြီး ချုပ်ရတယ်လို့အလုပ်သမားတွေက ပြောပြပါတယ်။

ဘဲမွှေးတွေ ပြန့်လွင့်ကုန်မှာ စိုးလို့ စက်ရုံမှာ ပန်ကားလုံးဝ မထားသလို ၊အလုပ်ထဲမှာ ဖိနပ်စီးတာကိုလဲ    တားမြစ်ထားတာကြောင့် အေးစက်တဲ့ သမံတလင်း နဲ့ပူလောင်မှု ၊ အနံ့အသက်ဆိုးဝါးမှုတွေကြောင့်    ဒီနှစ်အတွင်း စက်ရုံထဲမှာသေဆုံးသွားတဲ့ အမျိုးသမီးငယ် နှစ်ဦး ရှိသွားပြီလို့အလုပ်သမားခေါင်း ဆောင် တဦးက ပြောပြပါတယ်။