2012-6-2
ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)မှ နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက်နေ့ အရေးတော်ပုံ ကျင်းပ နိုင်ရန် နိုးဆော်စာ များ ဖြန့်ဝေခြင်းနှင့် ရံပုံငွေ ရရှိရေး လှုပ်ရှားမှု ကို (၂-၆-၁၂) နေ့လည်က ဆောင်ရွက်ခဲ့ကြသည်။ ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)နှင့် အတူ မန္တလေးခရိုင်မှ တက္ကသိုလ် အသီးသီးမှ ကျင်းပရေး ကော်မတီ ဝင်ကျာင်းသားများလိုက်ပါလျက် မန္တလေး ဈေးချိုတော် အတွင်း လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဇူလိုင် ၇ ရက် မမေ့ကြနှင့် စာတမ်းပါ တီရှပ်များ ရောင်းချခြင်း များ ပြုလုပ်ခဲ့ကြကြောင်း လိုက်ပါခဲ့သော ကျောင်းသားများက ပြောကြားသည်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
နှစ်ငါးဆယ်ပြည့်ဇူလိုင်(၇)ရက် အရေးတော်ပုံ အခမ်းအနား ကျင်းပရေးကော်မတီ ။
ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)