Wednesday, June 27, 2012

ဦးဝီရသူရဲ့ မွေးနေ့မှာ နိုင်ကျဉ်းတွေအတွက် ဂုဏ်ပြုသွေးလှူကြ

 ၂၀၁၂-၆-၂၇
ဦးဝီရသူရဲ့ မွေးနေ့မှာ နိုင်ကျဉ်းတွေအတွက် ဂုဏ်ပြုသွေးလှူကြဓမ္မသဟာယကျောင်းနာယက       ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ ရဲ့ သက်တော် (၄၄) ပြည့်မွေးနေ့အထိမ်း အမှတ်ပွဲကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က မစိုးရိမ်တိုက်သစ်မှာ ဇွန်လ ၂၆ ရက်နေ့က ကျင်းပပြုလုပ် ခဲ့ပါတယ်။ 


  မွေးနေ့ကျရောက်တဲ့နေ့မှာပဲ ဆရာတော်ကိုယ်တိုင်ကြီးမှူးပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရဆဲဖြစ်တဲ့ အကျဉ်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သွေးလှူဒါန်းပွဲကိုတစ်ပါတည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ဆရာတော်ဦးဝီရသူရဲ့မယ်တော် ဒေါ်ပေါရွှေ အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ကိုကိုကြီး ၊ မန္တလေး ၈၈ မျိုးဆက်ရဲဘော်ဟောင်းအဖွဲ့တွေ ၊ နိုင်/ကျဉ်းလူမှုကူညီရေးကွန်ယက်အဖွဲ့တွေ ၊ မြင့်မြတ်ဧရာဝတီအဖွဲ့နဲ့ မစိုးရိမ်တိုက်ရှိရဟန်းသံဃာတွေလည်းတက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ A သွေး- ၃၆ လုံး ၊ B သွေး - ၈ လုံး ၊ O သွေး- ၃၄ လုံး နဲ့ AB သွေး - ၁၃ လုံး စုစုပေါင်းသွေးပုလင်း (၉၁)လုံး ရရှိခဲ့ပါတယ်။ အဲဒီလို သွေးလှူဒါန်းခဲ့တဲ့ ရဟန်းရှင် လူတွေကို ဆရာတော်က မှတ်စုစာအုပ်(၁)အုပ် ၊ ဖောင်တိန် (၁)ချောင်း ၊ ဆရာတော်ဦးဝီရသူရဲ့ ဖိုးသူတော်ဝတ်စုံဖြင့် ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ပြန်လည်ဆွန့်ကျဲခဲ့ပါတယ်။