Wednesday, June 27, 2012

လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်သမ္မတနှင့်
တွေ့ ဆုံ

၂၀၁၂-၆-၂၇                                                       လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ၏ ဖိတ်ကြားချက်ဖြင့် ရောက်ရှိလာပြီး   ပြင်သစ်သမ္မတ Mr. Francois Hollandeနှင့် ၀န်ကြီးချုပ်  Mr. Jean-Marc Ayrault တို့         နှင့်တွေ့ ဆုံခဲ့ရာ ပြင်သစ်နိုင်ငံမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း ပြောဆိုခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်     ရင်းနှီးစွာ ဆက်ဆံရေးနှင့် မြန်မာ့ဒီမိုကရေစီရေး ဖွံ့ ဖြိုးတိုးတက်ရေးတို့ ကို ကူညီဆောင်ရွက်ပေးမည်       ဟု သိရှိရသည်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အနောက်နိုင်ငံများ လည်ပတ်သော ချစ်ကြည်ရေးခရီးစဉ်တွင် နော်ဝေး အင်္ဂလန် အိုင်ယာလန် ပြင်သစ် အင်အားကြီးသော ဒီမိုကရေစီ       နိုင်ငံကြီးများမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ၁၅ ကျော်ကျခံနေရစဉ် ကမ္ဘာ့ငြိမ်းချမ်း   ရေး နိုလ်ဘယ်ဆုအပါအ၀င် ဆုပေါင်းများစွာ ချီးမြှင့်ဂုဏ်ပြုခဲ့ကြပြီး ထောက်ခံအားပေးခဲ့သောကြောင့် ယနေ့  ပွင့်လင်းစပြုနေသော မြန်မာနိုင်ငံဒီမိုကရေစီအရေးအတွက် လူထုခေါင်းဆောင်၏ တိုက်တွန်း    နှိုးဆော် အကူအညီတောင်ခံမှုများကို ထိပ်တန်းခေါင်းဆောင်ကြီးများက အလေးထားကာ   ဆောင်ရွက်ကြမည်ဖြစ်ပြီး အားရ၀မ်းသာထောက်ခံ ကြိုဆိုခဲ့သည်။