မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေလာရောက်ဖို့  ပြောဆိုခဲ့ပြီး အလုပ်အကိုင်အသစ်တွေကို ရရှိဖို့  ဖန်တီးပေးဖို့  လိုလားတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ
၁ ရက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံထဲ မညီမျှမှုတွေ အဂတိလိုက်စားမှု
တွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေ ပိုဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့တွေများပြီး စားဝတ်နေရေး ကျပ်တည်းမှုတွေရှိနေဒါကြောင့် ရင်းနှီးမြုပ်
နှံမှုတွေဝင်ရောက်လာရင် မြန်မာနိုင်ငံသားတွေ အလုပ်မရှိတဲ့ပြဿနာ ပြေလည်စေရန် နိုင်ငံတကာ
ကို ရင်းနှီးမြုတ်နှံကြအောင် ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။
ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကို မကြည့်ဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းတာပါ။ မြန်မာလူငယ်တွေ အလုပ်အကိုင်တွေရရှိစေဖို့နဲ့ အခြေခံကျွမ်းကျင်မှုတွေ ရရှိစေမယ့် ရင်းနှီးမြုပ်နှံမှုကို လိုလားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါတယ်။