Saturday, June 2, 2012

၂၀၀၇ မျိုးဆက်ကျောင်းသားများ (က.သ.ဖ) ဖွဲ့စည်း

၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဦးဆောင်ပြီး ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီ (က.သ.ဖ) ကို ဇွန်လ ၁ ရက်နေ့ ညနေ ၃:၃၀ နာရီက စတင်ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့စတင်ဖွဲ့စည်းတဲ့နေ့မှာပဲ သတင်းစာရှင်းလင်းပွဲကိုပါ တစ်ပါတည်း ပြုလုပ်ခဲ့တာပါ။ ကျောင်းသား သမဂ္ဂဖြစ်မြောက်ရေးကော်မတီကို အဖွဲ့ဝင် ၁၉ ဦးနဲ့စတင်ဖွဲ့စည်းလိုက်ပြီး ဥက္ကဌအဖြစ် ကိုဒီငြိမ်းလင်း ဒုဥက္ကဌအဖြစ် ကိုစည်သူမောင်နဲ့ ကိုရဲမြတ်ဟိန်း အထွေထွေအတွင်းရေးမှူးအဖြစ် ကိုရဲမင်းဦး တို့က အသီးသီးတာဝန်ယူထားကြပါတယ်။ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီသတင်းစာရှင်း လင်းပွဲကိုတော့ ပြည်တွင်းသတင်းမီဒီယာ အယောက် ၃၀ လောက်တက်ရောက်သတင်းယူခဲ့ကြပါတယ်။